လွေးဇွန်မိုး၊ စက်တင်ဘာ ၂၇ ရက်၊ နမ္မတူ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် ဟွေဖတ်ရွာက အသက် ၉ နှစ်အရွယ် မောင်နန်အောင်ဟာ တစ်နှစ်ကျော်ကြာတဲ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ရွှေဖီမြေကို ပြောပါတယ်။

မောင်နန်အောင်ဟာ လားရှိုးမြို့မှာ ကျောင်းသွားတက်ရင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လထဲမှာ လားရှိုးကနေ တန့်ယန်းဘက်ကို စစ်ဘေးရှောင်ရာကနေ လက်ရှိအချိန်အထိ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတာဖြစ်တယ်လို့ မောင်နန်အောင်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“ကလေးက ဖိနပ်ပျောက်တာကို ရိုက်ခံရမှာကြောက်တော့ အိမ်ကနေထွက်သွားတာ။ ထွက်သွားတော့ နောက်နေ့မှာ ကလေးက မန်စံက မူကြိုကျောင်းတစ်ခုမှာ ရောက်နေတယ်ဆိုပြီး ကျနော့်စီဖုန်းဆက်တယ်။ ကျနော်တို့ကလည်း ကလေးကိုသွားခေါ်တယ်။ ကလေးကပြန်မလိုက်ချင်ဘူး။ အဲဒါက ခေါ်ထားတဲ့ ဆရာမတွေကလည်း ကလေးကို ကျောင်းထားပေးမယ်တဲ့။ ဆရာမတွေက မန်စံကနေ ကျောင်းတက်ဖို့ဆိုပြီး လာရှိုးကို ပို့လိုက်တာ။ လားရှိုးမှာစစ်ဖြစ်တော့ တန့်ယန်းဘက်ရောက်သွားတာ။ တန့်ယန်းကနေပြီးတော့မှ အခုထိ ရှာလို့ရသေးဘူး။ ကျနော်တို့ စုံစမ်းကြည့်မယ်ဆိုပြီးတော့ ပြောနေတာပဲ”

တန့်ယန်းဘက်ကို စစ်ရှောင်သွားချိန်မှာ မောင်နန်အောင်ကို ခေါ်ယူမွေးစားတဲ့သူရှိတယ်လို့ သတင်းကြားပေမဲ့ မွေးစားသူဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မသိရဘူးလို့ ၎င်းရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

မိသားစုဝင်တွေက စိုးရိမ်ပူပန်နေတာကြောင့် မောင်နန်အောင်ကို ခေါ်ယူမွေးစားထားသူဖြစ်စေ တွေ့ရှိသူတွေဖြစ်စေ ဖုန်း – 09 681 218 073 ကို ဆက်သွယ်အကြောင်းကြားပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။