ရွှေဖီမြေ၊ စက်တင်ဘာ ၁၈ ရက်၊ မကွေး

တအာင်းပညာရေးထီရဲ့ ဩဂုတ်လအတွက် အမြင့်ဆုံး သိန်း ၅၀၀ ထီဆုကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ မကွေးတိုင်း ပြည်သူ့လုံခြုံရေးတပ် ဒုတိုင်းတာဝန်ခံ ကို ဝေလင်း က ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ တအာင်းထီကို ကို ဝေလင်း ဟာ ပညာရေးထီ တစ်အုပ် ထိုးရာကနေ သိန်း ၅၀၀ ဆု ဆွတ်ခူးရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

၎င်း ဆွတ်ခူးရရှိခဲ့တဲ့ သိန်း ၅၀၀ ထဲကနေ TLEC အတွက် သိန်း ၇၀ ကျပ် ပြန်လည်လှူဒါန်းသွားခဲ့တယ်လို့ တအာင်းပညာရေးထီရဲ့ စီမံခန့်ခွဲရေးအဖွဲ့ တာဝန်ရှိသူ တားဆဲင်ငျံရ် က ပြောပါတယ်။

“သူက တစ်အုပ် ထိုးတာ။ သူ ပေါက်တော့ TLEC အတွက်ဆိုပြီး သိန်း ၇၀ ပြန်လှူသွားတယ်။ ကျနော်တို့ဘက်ကလည်း သူ့ကို ဂုဏ်ပြုလွှာတွေ ပေးအပ်ခဲ့ပါတယ်”

တအာင်းပညာရေးထီကနေ ရောင်းရငွေတွေကို တအာင်းဒေသအတွင်းမှာ စာသင်ကျောင်း ဖွင့်လှစ်ပေးနေတဲ့ တအာင်းပြည်ပညာရေးကောင်စီ (TLEC) ရဲ့ ပညာရေး ရန်ပုံငွေအတွက် လစဉ် လှူဒါန်းပေးနေတာဖြစ်ပြီး တစ်နှစ်ကျော်အတွင်း TLEC ကို သိန်းပေါင်း ၁ သောင်း ၆ ထောင်ကျော် ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ တားဆဲင်ငျံရ် က ဆက်ပြောပါတယ်။

“အခုလို ကျနော်တို့ရဲ့ ပညာရေးအထောက်အကူပြုထီကို အားပေးတဲ့ ဘယ်လူမျိုးကိုမဆို ကျေးဇူးတင်ပါတယ်။ ပေါက်သွားတော့လည်း ဝမ်းသာဂုဏ်ယူပါတယ်။ ကျနော်တို့ရဲ့ ထီက ဒီတအာင်းဒေသတွင်းမှာရှိတဲ့ လူမျိုးပေါင်းစုံကို စာသင်ပေးနေတဲ့ ဆရာ၊ ဆရာမ တွေရဲ့ လစာပေးနိုင်ဖို့ ကျနော်တို့ ရှာဖွေပေးပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ အနာဂတ်အတွက် လူမျိုးဘာသာမရွေး ဝိုင်းဝန်း ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်”

တအာင်းပညာရေးထီကို လစဉ် ၁ ရက်နေ့မှာ ဖွင့်လှစ်ပေးတာဖြစ်ပြီး အမြင့်ဆုံး သိန်း ၅၀၀ ဆုကနေ အနိမ့်ဆုံး ၂ သိန်းဆုအထိ စုစုပေါင်း ထီဆု ၁၂၆ ဆု အထိရှိပါတယ်။

ထီတစ်စောင်ကို ၂,၀၀၀ ကျပ်နဲ့ ရောင်းချပြီး တအာင်းဒေသအတွင်းက မြို့နယ်တိုင်းမှာ သက်ဆိုင်ရာ ထီကိုယ်စားလှယ်တွေဆီကနေ ဝယ်ယူအားပေးနိုင်သလို အွန်လိုင်းကနေ ဝယ်ယူအားပေးချင်သူအနေနဲ့ Ta’ang Education Lottery Facebook Page မှာ ဝယ်ယူအားပေးနိုင်ပါတယ်။

TLEC ဟာ ရှမ်းမြောက်က မြို့နယ် ၁၀ မြို့နယ်မှာ ကျောင်းပေါင်း ၃၅၀ ကျော် ဖွင့်လှစ်ထားပြီး စေတနာ့ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ နဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဆရာ၊ ဆရာမ အင်အား (၁,၆၀၀) ကျော်နဲ့ ပညာသင်ကြားပေးနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။