ဓာတ်ပုံ – Local

မြတ်နိုး၊ စက်တင်ဘာ ၁၈

ကချင်ပြည်နယ် အစပ်ရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့အနီး ဒီနေ့ စက်တင်ဘာ ၁၈ ရက်နေ့အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွါးနေပြီး စစ်ကောင်စီရဲ့ ကာကင်းတချို့လည်း သိမ်းပိုက်ရရှိထား‌ကြောင်း တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

“တိုက်ပွဲက ၄ ရက်ရှိပြီ။ ဒီမနက်လည်း လေကြောင်းဗုံးတွေ ခဏခဏလာကြဲတယ်လို့ သိရတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲ စတင်ဖြစ်ပွါးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့ကစ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းမှာလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရကာ တိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီတပ်ဘက်က ၃ ရက်ဆက်တိုက် လေကြောင်း အသုံးပြုခဲ့ကြောင်း သူက ပြောပါတယ်။

လက်ရှိမှာတော့ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်မှုနဲ့ ကသာခရိုင် တပ်ရင်း (၂)၊ (၄)၊ (၅)၊ အမှတ် (၁) စစ်ဒေသ စစ်ကြောင်း၊ အထူးလှုပ်ရှားတပ်ရင်းတွေ၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဗန်းမောက်မြို့နယ် ပကဖ တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြတယ်လို့ ဆိုပါတယ်။

“လက်ရှိအချိန်ထိ မြို့အနီးနားက ကာကင်းစခန်း ၆ ခု ရထားတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ ရှေ့တန်းသတင်းအရင်းမြစ် ပြောပါတယ်။

အဲဒီကာကင်းတွေဟာ မြစ်သေးချင်းရွာ ကာကင်းကုန်း (၁) နဲ့ (၂)၊ တာဝါတိုင်ကုန်း၊ AGBT၊ ကျွဲကောကုန်း၊ စက်တောကုန်း တို့ ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့ကတည်းက သိမ်းယူနိုင်ခဲ့ကြောင်း၊ အဲဒီကာကင်းစခန်းတွေမှာ SNA တပ်မဟာ (၆၁၄) က အင်အား ၄၀၀ ခန့်ရှိကြောင်း သိရတယ်လို့ သူက ပြောပါတယ်။

ဗန်းမောက်မြို့နဲ့ အနီးဝန်းကျင်မှာတော့ စစ်ကောင်စီ တပ်မ (၇၇) လက်အောက်ခံတပ်ဖွဲ့တွေနဲ့ SNA တို့ ပူးပေါင်းလှုပ်ရှားနေတဲ့ နယ်မြေဖြစ်ပြီး မြို့အဝင်အထွက် ပိတ်ထားတာကြောင့် ပြည်သူတချို့ ပိတ်မိနေသလို တိုက်ပွဲကြောင့်လည်း ပိတ်မိပြည်သူတွေ ထိခိုက်မှု ရှိနေတယ်လို့ ကြားရပေမယ့် အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

ဗန်းမောက်မြို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်ထားတဲ့ ပင်လည်ဘူးမြို့နဲ့ အင်အင်းတော်မြို့ ကြားမှာ တည်ရှိပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။