ဓာတ်ပုံ- Local

လွေးထွေး၊ ဇန်နဝါရီ ၉ ရက်၊ နမ့်ဆန်

တအာင်းဒေသ နမ့်ဆန်မြို့ပေါ်က ရပ်ကွက်တချို့မှာ ရေမီတာဒိုင်ခွက်အသစ် လဲပေးနေပြီး လဲခကို ၅ သောင်းအထိ ပေးဆောင်‌နေရသလို ရေ အသုံးပြုခလည်း တစ်ယူနစ်ကို ကျပ် ၃၀၀ ကနေ ၅၀၀ အထိ လူထုတွေက ပေးနေရတယ်လို့ အမည်မဖော်လိုသူ မြို့ခံအမျိုးသမီးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ သက်ဆိုင်ရာက အုပ်ချုပ်ရေးမှူးကနေတဆင့် အစည်းအဝေး ခေါ်ယူပြီး ရေမီတာဒိုင်ခွက် တပ်ဆင်ခကို ၁ သိန်းအထိ ပေးဆောင်ရမယ်လို့ ပြောကြားခဲ့ချိန် လူထုအများစုက ကန့်ကွက်ခဲ့ကြပေမဲ့ ဒီ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအစမှာ ရေမီတာဒိုင်ခွက်ကို စတင်တပ်ဆင်ပေးနေတာ ဖြစ်ပါတယ်။

နမ့်ဆန်မြို့ခံ အမျိုးသမီးတစ်ဦးက “အဲလိုလုပ်ဆောင်ပေးတာက မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ ငွေပမာဏ အရမ်းများတယ်။ ကျမတို့ အခြေခံလက်လုပ်လက်စားတွေအတွက် တစ်ကယ်အဆင်မပြေတာပါ။ ရေယူနစ်လည်း အရမ်းများတော့ တချို့လူတွေက ဘာပြောကြလဲဆိုတော့ မသုံးနိုင်တော့ဘူး။ ချောင်းရေဘဲ သုံးတော့မယ်တဲ့” ဆိုပြီး ရွှေဖီမြေကို ပြောပါတယ်။

ရေမီတာ ဒိုင်ခွက်တွေကို ဇယန်း၊ မြို့လယ်၊ မင်္ဂလာ၊ နမ္မဝေါ စတဲ့ရပ်ကွက်တွေမှာ တပ်ဆင်ပေးခဲ့ပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နောက်ထပ် မြို့ခံအမျိုးသားတစ်ဦးက “ရေမီတာကြည့်လို့ မရတော့ဘူး။ ဖတ်မရတော့ဘူး။ လဲရမယ်ဆိုရင်တောင် လက်ခံလို့ရတယ်။ အခုက အကောင်းကြီး ရှိနေတာကိုလည်း မလဲမနေရဆိုတော့လေ။ စီးပွားရေး ကြပ်တည်းနေတဲ့ကာလဆိုတော့ ပိုဆိုးတာပေါ့” လို့ ပြောပါတယ်။

လက်ရှိ ပေးဆောင်နေရတဲ့ ပမာဏဟာ လူထုတွေအတွက် အခက်အခဲ ဖြစ်စေတဲ့ ပမာဏ ဖြစ်တာကြောင့် လျှော့ပေါ့ပြီး ကောက်ပေးစေချင်တယ်လို့ နမ့်ဆန်ဒေသခံတွေက တောင်းဆိုထားကြပါတယ်။

PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “မီတာဘောက်နဲ့ အခြားသော ပစ္စည်းတွေ လဲ‌ပေးတာက ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ဖို့ စီမံဆောင်ရွက်တာဖြစ်တယ်။ တခြားမြို့တွေမှာလည်း လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အခွန် ကောက်ခံမှုနဲ့ပတ်သက်ပြီး ကျမက ပြန်ပြီး မေးကြည့်ပါမယ်” လို့ ပြောပါတယ်။

နမ့်ဆန်မြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှာ တအာင်းတပ်မတော်- TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အုပ်ချုပ်ရေးယန္တယားတွေ ပုံမှန်လည်ပတ်နေတဲ့မြို့လည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။