ဓာတ်ပုံ – SPM

မိုင်းရူပ၊ စက်တင်ဘာ ၁၅ ရက်၊ လားရှိုး

စစ်ကောင်စီပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီတပ်ဘက်က စစ်ဆေးမှုတွေ ပိုတင်းကြပ်လာပြီး လူငယ်တချို့ ဖမ်းဆီးခံရတာရှိနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နမ္မတူ-လားရှိုးမြို့အဝင်ဂိတ်နဲ့ သီပေါ-လားရှိုးမြို့အဝင်ဂိတ်တွေမှာ စစ်ကောင်စီတပ်ဘက်က ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးတာတွေ ပြုလုပ်နေပြီး ဒီရက်ပိုင်းအတွင်း တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တအာင်းလူငယ်တချို့ ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။

တင်းကြပ်တဲ့ စစ်ဆေးမှုတွေကို စစ်ကောင်စီတပ်ဘက်က နေ့စဉ်လိုလို ပြုလုပ်တာမရှိဘဲ ရက်ခြားပြီး စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ လားရှိုးမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာခဲ့တဲ့ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူတို့က စစ်ချင်တဲ့အချိန်စစ်တာ။ နေ့တိုင်းတော့ မဟုတ်ဘူး။ မနေ့ (စက်တင်ဘာ ၁၄ ရက်) ကျမတို့ ဖြတ်လာတဲ့အချိန်တောင်မှာ ယောကျာ်းလေးဆို တအားစစ်တယ်။ ပြီးတော့ ကားတွေဆို ပိုစစ်တယ်။ ရက်ပိုင်းပဲ ရှိသေးတယ်။ အမျိုးသားတစ်ယောက် ဖမ်းခံရသေးတယ်” လို့ ဆိုပါတယ်။

လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး မြို့ပြင်က ကျေးရွာတွေကိုတော့ ကိုးကန့်တပ်မတော် (MNDAA) က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော် (MNDAA) တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

လားရှိုးမြို့ပေါ်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေတာ ၅ လနီးပါး ရှိလာပြီ ဖြစ်ပေမယ့် စစ်ကောင်စီဘက်က လားရှိုးမြို့အခြေအနေနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။