ဓာတ်ပုံ – MOI

မြတ်နိုး၊ စက်တင်ဘာ ၁၄၊ ဗန်းမော်

ဗန်းမော်မြို့က ကချင်တပ်မတော်-KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းထားတဲ့ တပ်စခန်း နေရာ ၂ခုကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းကစ ပြန်ဆုတ်ခွာထားရကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

“ဟုတ်တယ်။ တော်တော်လေး ဆုတ်ထားရတယ်။ စစ်သင်္ဘော ၆ စီးလည်း ထပ်ရောက်တယ် လို့လည်း ကြားတယ်။ စစ်ကောင်စီဘက်က စစ်သင်္ဘောထပ်ရောက်ရင် တိုက်ပွဲ ထပ်ပြင်းလာနိုင်တယ်။” လို့ KIA ရှေ့တန်းသတင်း နဲ့ နီးစပ် တဲ့ သတင်း ရင်းမြစ် တစ်ဦးက ပြောပါတယ်။

လက်နက် အင်အား မမျှတာကြောင့် အဲစခန်းတွေကနေ ဆုတ်ခွာရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

“စကစဘက်က လေကြောင်းနဲ့ရော ဒရုန်းနဲ့ပါ တရစပ် ဗုံးကြဲတော့ ခဏ ရှောင်ထားလိုက်တာပါ။ လူအင်အားကတော့ အဲလောက် မဟုတ်ပါဘူး။ လက်နက်အင်အား ကြောင့်ပါ” လို့ ရှေ့တန်း သတင်း ရင်းမြစ် တစ်ဦးကလည်း ပြောပါတယ်။

ဗန်းမော်က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက် သိမ်းယူထားတဲ့ တပ်စခန်း နေရာ ၂ ခု ဖြစ်တဲ့ အမှတ် (၅၀၁၄) သံချပ်ကာတပ် နဲ့ ခလရ – ၂၃၆ ကို စစ်ကောင်စီဘက်က လေကြောင်း၊ ဒရုန်းတွေနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်တာကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့ညနေ ၄ နာရီခန့်ကစ ယာယီဆုတ်ခွါလိုက်ရကြောင်း KIA နဲ့ နီးစပ်တဲ့ The Kachin Net က သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစ စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေနဲ့ ဗန်းမော်ဘက် စစ်အင်အား၊ လက်နက်အင်အားတွေ ဖြည့်တင်းခဲ့ပြီးနောက် ဗန်းမော်မြို့တွင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာတာကြောင့် လက်ရှိနှစ်ဖက် တိုက်ပွဲ ပြင်းထန်နေကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်ကြောင်း ၇ ကြောင်းနဲ့ စစ်ဆင်ရေး အရှိန်မြှင့်ပြီး ထိုးစစ်ဆင်ကာ ဗန်းမော်မြို့ရှိ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ တပ်စခန်းတွေ နဲ့ ရွာတချို့ကို ပြန်လည် ထိန်းချုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

လေကြောင်း၊ ဒရုန်းတွေနဲ့ ဗုံးကြဲပြီး ထောက်ပို့ လမ်းကြောင်းတွေကို ပိတ်ဆို့ခဲ့ကြောင်း၊ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ဘက်က ၂၀၂၄ ဒီဇင်ဘာလ ကနေ ၂၀၂၅ စက်တင်ဘာလ အထိ ၉ လကျော်ကြာ စစ်ဆင်ရေး ကာလအတွင်း စစ်သည် ၄၆၀၀ ကျော် သေဆုံးပြီး လက်နက်စွန့်ပစ် အလင်းဝင်လာသူတွေ ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

တိုက်ပွဲ ကာလ ၉ လကျော် အတွင်း တိုက်ပွဲကြီး ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိတွေ့တိုက်ပွဲ ၄၉၀ ကြိမ် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်ကလည်း အထိအခိုက် ရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။