ဓာတ်ပုံ – Min Khant Kyaw

မိုင်းရူပ၊ စက်တင်ဘာ ၁၀ ရက်၊ သပိတ်ကျင်း

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက ဇရပ်ကွင်းကျေးရွာအပါအဝင် ကျေးရွာ ၅ ထက်မနည်းက ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်မှာ မန္တလေး–မိုးကုတ် လမ်းပိုင်းကို ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့ဘက်နေ ဇရပ်ကွင်းကျေးရွာဘက်ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေသူတွေထဲမှာ ရွှေမွှေးချောင်း၊ ၄ မိုင်၊ ၆ မိုင်၊ ဇရပ်ကွင်းနဲ့ ရေပူလယ်တီ စတဲ့ ကျေးရွာတွေက ဒေသခံ ၅ ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြပါတယ်။

“တိုက်ပွဲက ရွှေမွှေးချောင်းဘက်မှာ ဖြစ်နေတယ်။ ဒေသခံတွေကတော့ ပြေးနေကြပြီ။ စစ်ကောင်စီက ဇရပ်ကွင်းဘက်ကို ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတာ” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိမှာ ဇရပ်ကွင်းရွာအနီးရှိ ရွှေမွှေးချောင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ မြေပြင်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဇရပ်ကွင်းကျေးရွာဟာ မိုးကုတ်–မန္တလေးလမ်းမပေါ်မှာ တည်ရှိတဲ့ ရွာကြီးဖြစ်ပြီး စစ်ရေးအရလည်း အရေးပါတဲ့ နေရာဖြစ်သလို ရွှေတွင်းတွေ ထွက်ရာဒေသလည်းဖြစ်ပါတယ်။

ထို့အပြင် တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

သပိတ်ကျင်းမြို့နယ်မှာ တအာင်းတပ်မတော်–TNLA အပါအဝင် မိုးကုတ်ဗျူဟာ၊ Try ဗျူဟာ၊ မန္တလေး PDF နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ–NUG လက်အောက်ခံတပ်တွေ သွားလာလှုပ်ရှားနေကြတယ်လို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။