ဓာတ်ပုံ – CJ

မိုင်းရူပ၊ စက်တင်ဘာ ၁၀ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ပြီး ရွေးကောက်ပွဲအတွင်းအသုံးပြုမယ့် အီလက်ထရောနစ် မဲပေးစနစ်နဲ့ ပတ်သက်ပြီး မဲပေးရမယ့်ပုံစံတွေကို ပြသနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

လားရှိုးမြို့ပေါ် လူထုတွေကို အီလက်ထရောနစ် မဲပေးစနစ်နဲ့ ပတ်သက်ပြီး မဲပေးရမယ့်ပုံစံကို မပျက်မကွက် လာကြည့်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ရပ်ကွက်အုပ်ချုပ်မှူးကနေတစ်ဆင့် စာပို့ခိုင်းထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၀ ရက်မှာတော့ လားရှိုးမြို့ ရပ်ကွက် (၁၂) ရှိ မန်ဆူကျောင်းမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ပြီး မြို့ခံတွေကို ခေါ်ယူကာ အီလက်ထရောနစ် မဲပေးစနစ်နဲ့ ပတ်သက်ပြီး မဲပေးရမယ့်ပုံစံတွေ ပြသနေတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ရွေးကောက်ပွဲသုံး စက်နဲ့ ပတ်သက်ပြီး အသိပညာပေး အစည်းအဝေးကို တစ်ရပ်ကွက်ချင်း ခေါ်ပြီး ပညာပေး လုပ်ပြပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မြန်မာ အီလက်ထရောနစ် မဲပေးစနစ် အသုံးပြုမယ်ဆိုပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲကို ပထမအပိုင်းအနေနဲ့ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်ထားပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီ ၅၀ ကျော် ရှိပါတယ်။

ပထမအပိုင်းမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ရှမ်းမြောက်က နောင်ချို၊ လားရှိုးနဲ့ မူဆယ် စတဲ့မြို့နယ်တွေ ပါဝင်ထားတာ တွေ့ရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။