ဓာတ်ပုံ- CJ

လွေးဇွန်မိုး၊ ဇန်နဝါရီ ၈ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့ ပန်လုံရပ်ကွက်(၁)က ၂၉ နှစ်အရွယ် ​နော်ဆိုင်းဆိုသူဟာ ထင်းခွေသွားရင်း မိုင်းနင်းမိပြီး ဘယ်ဖက်ခြေထောက် ပြတ်သွားပါတယ်။

နော်ဆိုင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီခွဲက ပန်လုံရပ်ကွက်(၁)ဘက် ရောင်းဖို့ ထင်း သွားခွေရင်း မိုင်းနင်းမိခဲ့တာဖြစ်ပြီး မိုင်းနင်းမိတဲ့နေရာရဲ့ မလှမ်းမကမ်းမှာ ပြည်သူ့စစ်စခန်း ရှိတယ်လို့ နော်ဆိုင်းရဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ရပ်ကွက်ထဲမှာလို့လည်း ပြောလို့ရပါတယ်။ အိမ်နဲ့လည်း မလှမ်းမကမ်း ရှိပါတယ်။ အဲနားမှာ တရုတ်အိမ် ရှိတယ်။ တရုတ်အိမ်နဲ့ သိပ်ပြီးတော့ မဝေးဘူး။ နှစ်လန် သုံးလန်လောက်မှာပေါ့။ အဲမနက်လည်း (ထင်း)သွားခွေတယ်။ အဲညနေပိုင်းမှာပဲ ဖြစ်သွားတာ။ အဲနားမှာတော့ တိုက်ပွဲ မဖြစ်ဖူးဘူး။ သိပ်ပြီးတော့ မလှမ်းမကမ်းမှာတော့ စစ်တပ်ကုန်း ရှိတယ်။ တပ်နာမည်တော့ မသိဘူး။ ပြည်သူ့စစ်တွေ နေတာဆိုတော့ ပြည်သူ့စစ်ကုန်းလို့ ပြောတာဘဲ”

လက်ရှိမှာတော့ ဒဏ်ရာ ရခဲ့တဲ့ အဲဒီအမျိုးသားကို နမ့်ခမ်း ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူဖို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

နော်ဆိုင်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့​ အောင်မြင်သာရပ်ကွက်ကဖြစ်ပြီး တရုတ်ဘက် အလုပ် ဝင်လုပ်ရာကနေ အဆင်မပြေတာကြောင့် မူဆယ်မြို့မှာ ကြုံရာအလုပ် လုပ်ရင်း အခုလို ဖြစ်သွားတာလို့ ၎င်းရဲ့သူငယ်ချင်းဖြစ်သူက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက်အထိ ၁ နှစ်ကျော်အတွင်း ရွှေဖီမြေက လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ ရှမ်းမြောက်မှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီး ၂ ဦးနဲ့ ကလေး ၁ ဦးအပါအဝင် ၈ ဦး သေဆုံးပြီး ကလေးတစ်ဦးအပါအဝင် အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့ ကျား မ မသိရတဲ့ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ကြောင့် သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်လာတယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်း သုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့- ICBL ရဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းက လူ ၁ ထောင်ကျော် (၁,၀၀၃ ဦး)သေဆုံးခဲ့တယ်လို့လည်း ICBL က ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။