ဓာတ်ပုံ – MDY PDF

မိုင်းရူပ၊ စက်တင်ဘာ ၇ ရက်၊ သပိတ်ကျင်း

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ စက်တင်ဘာ ၇ ရက် နေ့လည် ၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်က ကျောက်ဖြူကျေးရွာထဲက စာသင်ကြားနေတဲ့ နေအိမ်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ (၁၀) နှစ်အရွယ် ကလေးငယ် (၁) ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၅) ဦး အပါအဝင် အရပ်သားပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားပစ်မှတ်တွေ ဖြစ်တဲ့ ပြည်သူပိုင် နေအိမ်၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို မကြာခဏ ဦးတည် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ စစ်ရာဇဝတ်မှုမြောက်ပြီး အလွန်အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မန္တလေး PDF က ဆိုပါတယ်။

သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာဝန်းကျင်မှာတော့ မန္တလေး–မိုးကုတ် လမ်းမကြီးကို ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီနေ့ စက်တင်ဘာ ၇ ရက်အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

“ဒီနေ့ မနက်တော့ လက်နက်ကြီးတော့ ပစ်တာတော့ ရှိတယ်။ စစ်ကောင်စီဘက်က ဆက်ထိုးနိုင်တာတော့ မရှိသေးဘူး။ ဒီနေ့ ဗုံးကြဲခံရတဲ့ ကျောက်ဖြူရွာက အခုတိုက်ပွဲ ဖြစ်နေတဲ့ ရွာနဲ့ အဝေးကြီးပဲ” လို့ မြေပြင်သတင်းအရင်းမြစ် တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်းထဲက သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာ မြို့နယ်တွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ တွေ့ရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။