ဓာတ်ပုံ- Google (ပုံဟောင်း)

ယာရူစိင်း၊ ဇန်နဝါရီ ၈ ရက်၊ မူဆယ်

ရှမ်းမြောက် မူဆယ်မြို့မှာ လျှပ်စစ်မီးကို အချိန် သတ်မှတ်ချက် တိတိကျကျ မရှိဘဲ ပေးချင်တဲ့အချိန်သာ ပေးတာကြောင့် လူထုတွေ အခက်တွေ့နေရတဲ့အပြင် ဒီဇယ် တစ်လီတာကို ၁ သောင်းခွဲအထိ စျေးမြှင့်တက်လာပါတယ်။

မီးကို ပေးချင်တဲ့အချိန်သာ ပေးနေပြီး မီတာခကတော့ တစ်နေ့ထက်တစ်နေ့ ပိုတက်လာပြီး လျှော့ကျတာမျိုး မရှိဘူးလို့ မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အရမ်းစိတ်ညစ်ရတယ်။ တော်တော် အခက်အခဲ များပါတယ်။ မီး ပုံမှန်မရတော့ မီးသွေးနဲ့ဘဲ ပိုပြီးအသုံးပြုလာတာပေါ့။ မီးကျတော့ ပုံမှန်မပေးဘူး မီတာခတော့ ပြောမနေနဲ့ တစ်နေ့တစ်နေ့ တက်လာတယ်။ အခုက ထမင်းတစ်အိုးချက်ဖို့ မလွယ်ဘူး”

မီးသွေးတစ်အိတ် ၃ သောင်းကျော်အထိ ဈေးပေါက်နေသလို ဒီဇယ် တစ်လီတာလည်း ၁ သောင်းခွဲအထိ မြှင့်တက်နေတယ်လို့လည်း နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“မီးသွေးဈေးလဲ တက် ဒီဇယ်ဈေးလည်း တက် ပြီးရင် ဈေးမတက်သင့်တဲ့ ပစ္စည်းတွေလည်း ဈေးတက်တော့မှာလေ။ အခု ဘာမှ မဝယ်နိုင်တော့ဘူး။ စက်နှိုးမယ်ဆိုလည်း ဒီဇယ်ဈေး တက်နေတာတွေကို ကြည့်လေ မဖြစ်သင့်ဘူးပေါ့နော်။ ကြာလာရင် ထမင်းပါ ငတ်တော့မယ် ထင်ပါတယ်။ တစ်‌‌ေခါက်ကို ၄ နာရီ ၆ နာရီလောက်ဘဲ ပေးတာ။ အဲလောက်ဘဲ ကျန်တဲ့အချိန်တော့ မလာဘူး”

လျှပ်စစ်မီးကို အချိန် တိတိကျကျ မပေးတာကြောင့် ချက်ပြုတ်ရေးအပါအဝင် လျှပ်စစ်မီးကို အားထားပြီး လုပ်နေရတဲ့ လုပ်ငန်းတွေလည်း အခက်အခဲ ကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်မှာ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အား တစ်ရက်ကို (၂,၂၀၀)မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ ဖြန့်ဖြူးပေးနိုင်တာလို့ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။