လွေးဇွန်မိုး၊ စက်တင်ဘာ ၁ ရက်၊ မူဆယ်

ရှမ်းမြောက် တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့ကနေ တရုတ်ပြည် ရွှေလီမြို့ထဲကို အလုပ်လုပ်ဖို့သွားတဲ့ အသက် ၁၄ နှစ်အရွယ် လွေးရွှေငြိမ်းဆိုသူဟာ ၃ လကျော်ကြာ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ မိသားစုတွေဆီက သိရပါတယ်။

လွေးရွှေငြိမ်းဟာ မူဆယ်မြို့ရှိ ကုန်စုံဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ရာကနေ ပြီးခဲ့တဲ့ မေလ ၂၅ ရက်မှာ တရုတ်ပြည် ရွှေလီမြို့ထဲကို အလုပ်ရှာပေးမယ်ဆိုပြီး မူဆယ်မြို့ရှိ ပွဲစားအမျိုးသမီးတစ်ဦးက ခေါ်သွားခဲ့ရာကနေ ပျောက်ဆုံးနေတာလို့ ၎င်းရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“သူ(တရုတ်ပြည်ထဲ)စဝင်တဲ့အချိန်က အဆက်အသွယ်ရတယ်။ အဲချိန်က သူပြောတာ အလုပ်က အဆင်ပြေပါတယ်တဲ့။ ဘာအလုပ်လုပ်လဲ မသိရဘူး။ အဲဒီ နောက်ထပ်တစ်ပတ်လောက်ဆို ဆက်သွယ်လို့ မရတော့ဘူး။ အဲဒီပွဲစားနဲ့လည်း ပြန်ဆက်သွယ်လို့ မရတော့ဘူး”

လွေးရွှေငြိမ်းဟာ နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု အောက်ပန်တောင်းရွာမှာ နေထိုင်ပြီး သူငယ်ချင်းဖြစ်သူနဲ့ မူဆယ်က ကုန်စုံဆိုင်တစ်ခုမှာ အလုပ်သွားလုပ်ရာကနေတစ်ဆင့် တရုတ်ပြည်ထဲကို ပွဲစားနဲ့ ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

အလားတူ အသက် ၂၀ နှစ်ဝန်းကျင်အရွယ် လွေးဆိုင်ယဉ်ဟာလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်မှာ မူဆယ်မြို့ထဲက ဂိမ်းဆိုင်တစ်ခုမှာ အလုပ် သွားလုပ်ရာကနေ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်ကနေ ဒီနေ့ စက်တင်ဘာ ၁ ရက်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ၎င်းရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

“အဲနေ့က သူ့အဖေလည်း အဖမ်းခံရတာ။ သူလည်း မူဆယ်က ဂိမ်းဆိုင်တစ်ခုမှာ အလုပ်လုပ်မယ်လို့ ပြောတယ်။ ယောကျာ်းလေးတစ်ယောက်နဲ့ မူဆယ်ဘက် ဆိုင်ကယ်စီးသွားတယ်။ သူဂိမ်းဆိုင်မှာ လုပ်တာ ဝါသနာပါတယ်ဆိုပြီး သူသွားတာ။ မူဆယ်ရောက်တာ တစ်ပတ်လောက်ရှိမယ်ထင်တယ်။ အဆက်အသွယ်ရသေးတယ်။ နောက်မှ မရတော့ဘူး။ ကြားတာကတော့ အဲနေ့က သူတို့ညဘက်သွားလည်ရင်းနဲ့ ပျောက်သွားတယ်လို့ ကြားထားတယ်”

မိသားစုဝင်တွေက စိတ်ပူနေတာကြောင့် ပျောက်ဆုံးသွားတဲ့ အမျိုးသမီး ၂ ဦးကို တွေ့ရှိသူတွေအနေနဲ့ ဆက်သွယ်အကြောင်းကြားပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။

ဒါ့အပြင် မိုးမိတ်မြို့နယ် အုံးကြောရွာဟောင်းမှာ နေထိုင်တဲ့ အသက် (၃၃)နှစ်အရွယ်ရှိတဲ့ အိုက်ဆုပ်ဆိုသူလည်း ဖေဖော်ဝါရီ ၁၀ ရက်ကတည်းက အလုပ်ထွက်ရှာဖို့ဆိုပြီး နေအိမ်ကနေ သိန်း (၂၀)နဲ့ ထွက်သွားရာကနေ ဒီနေ့ဒီအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ရွှေဖီမြေကို ပြောဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။