မိုင်းရူပ၊ သြဂုတ် ၃၁ ရက်၊ ကျောက်မဲ

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များနေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲဟာ နောင်ပိန်ရွာလမ်းခွဲနဲ့ ပင်တိန်ရွာမှာ ဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်နဲ့ တအာင်းတပ်အကြား အပြန်အလှန် ထိုးစစ်ဆင်မှု ပြုလုပ်နေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲက ဆက်ပြင်းထန်နေတယ်။ အခုက စစ်ကောင်စီကို ပင်တိန်ရွာကနေ ဆုတ်သွားအောင် တိုက်နေတာ။ အခုက စစ်ကောင်စီက နောင်ပိန်ရွာထဲမှာလည်း ရှိတယ်” လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် နောင်ပိန်ရွာမှာ တိုက်ပွဲ ပြင်းထန်နေတာ ၂ ပတ်နီးပါးကြာ ရှိလာနေပြီဖြစ်ပြီး လက်ရှိအချိန်ထိ စစ်တပ်ဘက်က နောင်ပိန်ရွာကို ကျော်လာနိုင်တာ မရှိသေးပါဘူး။

တစ်ဖက်မှာတော့ ကျောက်မဲနဲ့ နောင်ချိုကို ဆက်သွယ်ထားတဲ့ ဂုတ်တွင်းလမ်းပိုင်းကို စစ်တပ်ဘက်က ပြန်ထိန်းချုပ်နိုင်ခဲ့တာကြောင့် ထောက်ပို့လမ်းကြောင်း ပွင့်ရင် စစ်ကောင်စီတပ်ဘက်က စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေကို လွယ်လွယ်ကူကူ ပို့ဆောင်လို့ရမယ့်အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။

နောင်ပိန် တိုက်ပွဲကြောင့် နောင်ပိန်ရွာခံအပါအဝင် အနီးအနားက ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်မှာ စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကျောက်မဲမြို့နဲ့ နောင်ပိန်ရွာကြားရှိ နားအိုက်ခန့်ရွာက အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

သြဂုတ် ၁၉ ရက်ကစပြီး အင်အား ရာချီရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ နောင်ချိုကနေ ဂုတ်ထိပ်ချောင်းကို ဖြတ်ပြီး SSPP တပ် ထိန်းချုပ်ထားတဲ့ နောင်ပိန်ရွာအနီး ထန်းတပင်ရွာကနေ နောင်ပိန်ရွာဘက် ထိုးစစ်ဆင်လာတာပဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။