ဓာတ်ပုံ- Facebook

ပို့လဘား၊ ဇန်နဝါရီ ၇ ရက်၊ မူဆယ်

ရှမ်းမြောက် မူဆယ်မြို့ထဲက ရပ်ကွက်တချို့မှာ ဧည့်စာရင်း အကြောင်းပြပြီး ငွေ လိုက်‌ေကာက်တာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်က စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့ တော်ရွက်ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူးက ဧည့်စာရင်း တင်ဖို့ဆိုပြီး ရွှေ့ပြောင်း အလုပ်သမားတွေကို ငွေတောင်းခဲ့တယ်လို့ ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။

“တချို့ရပ်ကွက်တော့ ကောက်တာမျိုး မရှိဘူး။ အုပ်ချုပ်ရေးမှူးက အိမ်ငှားတဲ့သူနဲ့ အိမ်ရှင်တွေကို ဆင့်ခေါ်ပြီး စာရွက်စာတမ်းတွေ ပေးလိုက်တာ။ အိမ်ရှင်တွေက အိမ်ငှားတဲ့သူတွေကို ဖြန့်ပေးပြီးတော့ မိသားစုဓာတ်ပုံ ၂ ပုံ တောင်းတယ်။ ပြီးရင် သူတို့ပေးတဲ့ စာရွက်စာတမ်းတွေ ဖြည့်ရတယ်။ တစ်အိမ်မှာ လူဘယ်နှစ်ယောက် ရှိလဲပေါ့ အဲလိုမေးတယ်။ ၆ ယောက် ရှိရင်လည်း အကုန်ပေးရတယ်။ ပိုက်ဆံ တစ်ယောက် တစ်သောင်းခွဲ ပေးတယ်။ တစ်နှစ်စာဆိုပြီးဧည့်စာရင်း တင်မယ် ပြောတယ်”

အုပ်ချုပ်ရေးမှူးက တော်ရွက်ရပ်ကွက်မှာ နေထိုင်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေထဲက အသက် ၁၈ နှစ်အထက်ကို‌သာ ငွေတောင်းပြီး အသက်မပြည့်သေးသူတွေကိုတော့ ငွေတောင်းတာ မရှိဘူးလို့ ဆိုပါတယ်။

ကြုံတွေ့ခဲ့ရသူဟာ ပြီးခဲ့တဲ့ ၂၀၁၉ ကတည်းက မူဆယ်မြို့မှာ နေထိုင်လာတာဖြစ်ပြီး အခုလို ငွေတောင်းတဲ့ဖြစ်စဥ်မျိုး တစ်ကြိမ်မှ မကြုံခဲ့ရကြောင်းကိုလည်း သူက ဆက်ပြောပါတယ်။

မူဆယ်မြို့ ပေါင်လုံရပ်ကွက်မှာ နေထိုင်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကိုတော့ အုပ်ချုပ်ရေးမှူးက ငွေကောက်တာ မရှိဘူးလို့ ပေါင်လုံမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အဲလိုမျိုး မရှိဘူးနော်။ မြင်လည်း မမြင်ဖူးဘူး။ ဒီမှာ ပြောင်းပြီး ငှားနေတာ ၂ နှစ် ရှိပြီ။ ဘယ်အုပ်ချုပ်ရေးမှူး လာကောက်တာ မရှိဘူး။ အိမ်ရှင်တွေ ကောက်တာပဲရှိတယ်”

မူဆယ်မြို့မှာ လောင်းကစားဝိုင်း ပေါများပြီး ငွေလိမ်မှုနဲ့ တော်လှန်ရေးတပ်‌နာမည်အသုံးပြုပြီး ငွေ လိမ်လည် ကောက်ခံတာတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။