ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ ဩဂုတ် ၂၇ ရက်၊ ကွတ်ခိုင်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် (၂) က အမျိုးသားတစ်ဦးကို မူးယစ်ဆေးသုံးစွဲမှုနဲ့ ကချင်တပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၅ ရက်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ ‌မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက် ညနေပိုင်းမှာ အသက် ၃၅ နှစ်ရှိပြီးဖြစ်တဲ့ ဦးမောင်မောင်ဆိုသူကို KIA တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဩဂုတ်လ ၂၃ ရက် ညနေမှာ ကွတ်ခိုင်မြို့နယ်ရှိ KIA ရဲ့ တပ်ရင်း (၉) က အချုပ်ထောင်မှာ အဆိုပါ အမျိုးသား သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်တွေထံကို အကြောင်းပြန်လာတာလို့ ဆိုပါတယ်။

မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက “အဲဒီညနေက မူယစ်ဆေး တိုက်ဖျက်ရေးအဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း အကြောင်းမကြားဘူး။ ရက်ကွက်ထဲ ဝင်လာပြီး ဖမ်းသွားတာ။ မောင်မောင်ကို ဖမ်းသွားပြီနော်ဆိုပြီး မောင်မောင်ရဲ့ တူလေးကို ပြောသွားတယ်။ သူတို့အိမ်က ဖုန်းနံပါတ်လည်း တောင်းသွားတယ်။ နောက်တစ်ရက်နှစ်ရက်လည်း မဆက်သွယ်လာဘူး။ သူသေပြီးမှ သူတို့အကြောင်းကြားလာတာ” လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ဦးမောင်မောင်ရဲ့ ရုပ်အလောင်းကိုတော့ မိသားစုဝင်နဲ့ ရပ်မိရပ်ဖ၊ မြို့နယ် တအာင်းစာပေ ယဉ်ကျေးမှု ဥက္ကဌ၊ မြို့နယ် တအာင်းရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအရာရှိတွေက သွားရောက်ယူဆောင်ခဲ့ပြီး ကွတ်ခိုင်မြို့ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။

“မနေ့မနက်က ဆရာဝန်ရဲ့ စစ်ဆေးချက်အရ။ သူ့ရဲ့ ခန္ဓာကိုယ်‌ကျောဘက်နဲ့ လက်နှစ်ဖက်မှာလည်း ညိုမဲပြီး ဖုယောင်တဲ့ ဒဏ်ရာတွေ့တယ်။ ဝမ်းဗိုက်မှာလည်း သွေးယိုစိမ့်တာ တွေ့ရတယ်။ ကိုယ်ပေါ်မှာလည်း ပွန်းပဲ့ဒဏ်ရာတွေ့ရတယ်တဲ့ စစ်ဆေးချက်အရပေါ့။ ဦးခေါင်း အရေပြား နားထင်မှာလည်း သွေးချေဥ ဒဏ်ရာကြောင့် သေဆုံးတာ ဖြစ်နိင်တယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

KIA ဖက်က ဒုခရိုင်မှူးရဲ့ ပြောဆိုချက်အရ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်မှာ ထောင်သားတွေကို ရေချိုးဖို့ ခြေချင်းဖြုတ်ပေးချိန် ဦးမောင်မောင်က ထွက်ပြေးသွားခဲ့တာကြောင့် ပြန်လည်ဖမ်းမိချိန်မှာ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ နှစ်နာရီကြာ မတ်တပ်ရပ်ခိုင်းတာကြောင့် ဦးမောင်မောင် အမောဖောက်ပြီး သေဆုံးသွားတာဖြစ်နိုင်တယ်လို့ နောက်ထပ် နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သေဆုံးစေလိုတဲ့ ရည်ရွယ်ချက်မရှိဘဲ သေဆုံးသွားရတဲ့အပေါ် ဒုခရိုင်မှူးက မိသားစုဝင်တွေကို တောင်းပန်‌ကြောင်းလည်း ဆိုပါတယ်။

အထက်ပါ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက “သူတို့ထွက်ဆိုချက်လည်း ကွဲလွဲပြီး အမျိုးမျိုးဖြစ်နေတယ်။ ဒုခရိုင်မှူးကျတော့ နောက်လူတွေမဖြစ်အောင် ရိုက်တာတော့ ရိုက်တယ်။ သေအောင်တော့ မရိုက်ဘူးတဲ့။ သူ့ဟာသူ အစာမစားတာ ၄ ရက်ရှိပြီဆိုတော့ အာဟာရပျက်ပြီး သေတာဖြစ်နိုင်တယ်ဆိုပြီး ပြောပြတာ။ ခရိုင်မှူးကျတော ပြန်ဖမ်းမိတဲ့အချိန်မှာ လက်ထိပ်ခတ်တယ်။ တိုင်မှာဘဲ တနေကုန် ချည်ထားတယ်ဆိုပြီး ပြောတယ်။ အဲတာကို ကွဲလွဲနေတာ” လို့ ပြောပါတယ်။

ဦးမောင်မောင် သေဆုံးသွားတာနဲ့ ပတ်သက်ပြီး KIA နဲ့ မိသားစုဝင်တွေက ဆက်လက်ဆွေးနွေးပြီး ညှိနှိုင်းနေဆဲလို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။