မိုင်းရူပ၊ သြဂုတ် ၂၅ ရက်၊ ကျောက်မဲ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ ဝါဆိုကျောင်းအနီးကို စစ်ကောင်စီဗုံးကြဲခဲ့ရာ ကိုရင် ၃ ပါးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂၀ ထက်မနည်း ပျက်စီးခဲ့ပါတယ်။
ဒီနေ့ သြဂုတ် ၂၅ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ကျောက်မဲမြို့အနီး ပိန္နဲကုန်းရွာ ဝါဆိုကျောင်းအနီးကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အလုံး ၂၀ နီးပါးပျက်စီးခဲ့ပြီး ဒေသခံတွေ စစ်ဘေးရှောင်နေချိန်ဖြစ်တာကြောင့် အရပ်သားထိသေဆုံးမှု မရှိတာလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မဲမြို့ပေါ်မှာ ဒေသခံတချို့ စစ်ဘေးရှောင်နေတာ တွေ့ရပြီး နေ့လည်ပိုင်းဆိုရင် မြို့တွင်းထဲ လူသွားလူလာမရှိသလောက် ဖြစ်နေပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာတော့ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။