အလင်း၊ မတ်လ ၂၉ ရက်၊ ဟားခါး

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ဒေသခံလူငယ် ၃ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး ရိုက်နှက် သတ်ဖြတ်ခဲ့တယ်လို့ မြို့ခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီလူငယ်တွေဟာ ဟားခါးမြို့ခံ အရပ်သား လူငယ်တွေဖြစ်ကြတဲ့ ဆလိုင်း ထောင်လှေမန်း၊ ဆလိုင်း ထောင်သင်ထန်းနဲ့ ဆလိုင်း ထောင်ဗန်မန်းတို့ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က မိသားစုကိစ္စနဲ့ မြို့ပြင်သို့ ထွက်ခွာလာစဉ် GTI ကျောင်းအောက်ဘက်ရှိ Hniarlawn ကျေးရွာသွားလမ်းအနီးမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနေရာဟာ ပုံမှန်အားဖြင့် စစ်ဆေးရေးဂိတ် မရှိတဲ့နေရာဖြစ်သော်လည်း ထိုနေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလစ်အငိုက် စောင့်ကြိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“အခုအဖမ်းခံရတဲ့ နေရာက စစ်ဆင်ရေးဂိတ်တွေ မရှိတော့ လူတွေအများဆုံး လမ်းသွားလမ်းလာ လုပ်ကြတဲ့လမ်းပါ။ အဲနေ့က စစ်ကောင်စီတွေက စောင့်ကြိုပြီး လူငယ်တွေကို ဖမ်းဆီးတာပါ။”လို့ ဟားခါးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အဖမ်းခံရတဲ့ လူငယ်တွေဟာ လေသေနတ်မှာ တပ်ဆင်တဲ့ စကုတ် တစ်ခု ပါရှိလာခြင်းကို အကြောင်းပြု၍ မည်သည့်စုံစမ်းစစ်ဆေးမှုမျှ မလုပ်ဘဲ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီသတ်ဖြတ်မှုအပြီး နောက်တစ်နေ့ဖြစ်သော မတ်လ ၂၄ ရက်နေ့မှာ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းအနီးမှာ ရိုင်ဖယ်သေနတ်တွေ ချထားပြီး လက်နက်ကိုင်ဖြစ်သယောင် ဓာတ်ပုံတွေ ရိုက်ကူးဖြန့်ဝေခဲ့ကြပါတယ်။

ဒီလုပ်ရပ်ဟာ အပြစ်မဲ့ အရပ်သားတွေကို လက်နက်ကိုင်အဖြစ် ဟန်ဆောင်ဖန်တီးပြီး ၎င်းတို့ရဲ့ ရာဇဝတ်မှုကို ဖုံးကွယ်ရန် ကြိုးပမ်းတဲ့ အကွက်ဆင် ယုတ်မာမှု ဖြစ်တယ်လို့ CDF-Hakha က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားပါတယ်။

သေဆုံးသူ လူငယ်တွေရဲ့ မိသားစုဝင်တွေဟာ ၎င်းတို့ရဲ့ သားသမီးတွေ ပျောက်ဆုံးနေမှုအတွက် စိုးရိမ်နေခဲ့ကြပေမဲ့ မနေ့ မတ်လ ၂၈ ရက်နေ့ မှသာ စစ်ကောင်စီတပ်ဘက်က သေဆုံးသွားပြီဖြစ်ကြောင်း အကြောင်းကြားတယ်လို့ သိရပါတယ်။

ပုံမှန် သွားလာနေကျလမ်းပေါ်မှာ အခုလို အသက်အန္တရာယ် ကြုံတွေ့ရခြင်းမှာ ဒေသခံပြည်သူများအတွက် စိုးရိမ်ထိတ်လန့်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

CDF-Hakha က အခုဖြစ်စဉ်နဲ့ ပတ်သက်၍ ကျူးလွန်သူတွေအနေနဲ့ တာဝန်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဟားခါးမြို့ပေါ်ရှိ လူငယ်များအနေနဲ့ စစ်ကောင်စီရဲ့ မတရားဖမ်းဆီး သတ်ဖြတ်မှုတွေကို အထူးသတိပြုရန် သတိပေးထားပါတယ်။

ဒါ့အပြင် အခုလို မတရားမှုတွေကို အဆုံးသတ်နိုင်ရန်အတွက် ပြည်သူတစ်ရပ်လုံးအနေနဲ စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ပိုမိုအားစိုက် ပါဝင်ကြရန်လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။