ဓာတ်ပုံ- Local

‎ရွှေဖီမြေ၊ မေလ ၁၁ ရက်၊ သိန္နီ

‎ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့မှာ ဖမ်းမိထားတဲ့ သူခိုးနဲ့ မူးယစ်ဆေးဝါး ရောင်းသူ ၅ ဦးကို မြို့ထဲ လှည့်ပတ်ပြသခဲ့ကြောင်း မြို့ခံအမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မေလ ၉ ရက် မနက်မှာ သိန္နီမြို့မဈေးနဲ့မြို့တွင်းထဲ ဆိုင်ကယ်နဲ့ မီးကြိုးခိုးသူအပါအဝင် မူးယစ်ဆေးရောင်းသူ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၄ ဦးကို လည်ပင်းမှာ စာ ချိတ်ဆွဲပြီး သူခိုးဖြစ်ကြောင်း၊ မူးယစ်ဆေး ရောင်းကြောင်း အော်ပြောခိုင်းခဲ့ပါတယ်။

‎မြို့ခံအမျိုးသမီးက “တချို့က သူတို့ကို သနားကြတယ်။ တချို့က လှောင်ပြောင်ကြတယ်။ သူတို့ကလည်း မျက်နှာငယ်လေးနဲ့ သွားနေတာ တွေ့တယ်” လို့ ပြောပါတယ်။

‎သိန္နီမြို့မှာ MNDAA က ပြစ်မှု ကျူးလွန်သူတွေကို အခုလို လှည့်ပတ်ပြသတာဟာ လူထုတွေကို ခြိမ်းခြောက်တာဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။

‎သိန္နီမြို့ထဲ MNDAA ဝင်လာပြီးတဲ့နောက် ‌တရုတ်လုပ်ငန်းရှင်နဲ့ တရုတ်အလုပ်သမားတွေသာ များလာပြီး ‌ဒေသခံတွေက အလုပ်အကိုင် ရှားပါးလာတာကြောင့် အခုလို ခိုးမှု ပိုဆိုးလာကြောင်း နောက်ထပ်ဒေသခံ အမျိုးသားက ပြောဆိုပါတယ်။

‎”လူတွေက အလုပ်မရှိကြဘူးလေ။ သူတို့အလုပ်သမားလည်း မခေါ်ကြဘူး။ မြေယာတွေလည်း သိမ်းတာတွေလုပ်တော့ လူတွေက ကြံမိကြံရာ လုပ်ကြတာနေမှာပါ”

‎ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်ကလည်း လားရှိုးမြို့နယ်ထဲ ရာဇဝတ်မှု ကျူးလွန်သူ ဒေသခံ ၆ ဦးကို အများပြည်သူရှေ့မှာ MNDAA က အမှုကို စီရင်ချက်ချပြီး ပြစ်ဒဏ် ပေးခဲ့ပါတယ်။

‎၂၀၂၄ ခုနှစ်ကလည်း မုံးကိုးမှာ MNDAA က အများပြည်သူရှေ့မှာ ရာဇဝတ်မှု ကျူးလွန်သူ ၃ ဦးကို သေဒဏ် ပေးခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။