ဓာတ်ပုံ- Local

‎‎ရွှေဖီမြေ၊ မေလ ၁၁ ရက်၊ လွိုင်ကော်

‎ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် မထောခူကျေးရွာရှိ သဲချောင်းမှာ ရေကူးကြတဲ့ လူငယ် ၃ ဦး ရေနစ်သေဆုံးခဲ့ကြောင်း မိသားစုဝင်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မနေ့ မေလ ၁၀ ရက် မနက် ၁၁ နာရီဝန်းကျင်က မထောခူရွာမှာရှိတဲ့ သဲချောင်းထဲ ရေ လာချိုးတဲ့ အသက် ၁၈ နှစ်ဝန်းကျင်အရွယ် လူငယ် ၃ ဦး ရေနစ်သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

‎မိသားစုဝင်နဲ့နီးစပ်တဲ့ အမျိုးသမီးက “အဲကလေးတွေက ကျမတို့အမျိုးထဲကပါ။ ပူတဲ့ရာသီဆိုတော့ သူတို့က ရေချောင်းတွေဘာတွေ သွားကြတာလေ။ မိန်းကလေးက အရင်နစ်တာ။ ပြီးမှ သူ့အစ်ကို နှစ်ယောက်က ပြန်သွားဆွဲမလို့ အဲဒါနဲ့ အကုန်ပါသွားတာ” လို့ ပြောပါတယ်။

‎အဲဒီချောင်းဟာ သဲချောင်းဖြစ်ပြီး ရေနစ်သူ ၃ ဦးကလည်း အသက် ၁၈ နှစ်အရွယ် မတင်တင်စန်းဦး၊ မောင်စိုးသီဟနဲ့ အသက် ၁၉ နှစ်အရွယ် မောင်ရဲလင်းအောင်တို့ ဖြစ်ပါတယ်။

အလောင်းတွေကိုတော့ လွိုင်ကော်မြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ ရွှေညောင်ပင် လူမှုကူညီရေးအသင်း ပူးပေါင်းဆယ်ယူပေးပြီး လွိုင်ကော် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။

‎၎င်းချောင်းထဲ ရေနစ်သေဆုံးတာဟာ ပထမအကြိမ် ဖြစ်တာကြောင့် နောက်နောင် အဲဒီချောင်းထဲ ရေဆင်းမချိုးကြဖို့ကိုလည်း တာဝန်ရှိသူတွေက ဒေသခံတွေကို ပြောဆိုထားကြပါတယ်။

‎အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ရှမ်းအရှေ့ တာချီလိတ်ရှိ သဲချောင်းမှာ ရေဆင်းချိုးတဲ့ ကလေး ၃ ဦး ရေနစ်သေဆုံးခဲ့ဖူးပါတယ်။

‎နွေရာသီမှာ အခုလို ရေနစ်သေဆုံးမှု အဖြစ်များတာကြောင့် ကလေးငယ်နဲ့ ဒေသခံတွေ မြစ်ချောင်းတွေဘက်သွားရင် အထူးဂရုစိုက်ကြဖို့လိုကြောင်း မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအသင်းတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။