ဓာတ်ပုံ- Local

ရွှေဖီမြေ၊ ဧပြီ ၈ ရက်၊ ပန်ခမ်း

‘ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းခေါ် ပန်ခမ်းမြို့အနီးမှာ ယမ်းချက်စက်ရုံတစ်ခု ပေါက်ကွဲလို့ လူရာနဲ့ချီ ထိခိုက်သေဆုံးခဲ့ပြီး ယမ်းချက်စက်ရုံ ဦးဆောင်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားကို ဖမ်းမိထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်ဟာ မနေ့ ဧပြီ ၇ ရက် နေ့လယ် ၃ နာရီမှာ ပန်ဆန်းမြို့အနီး ယောင်းပန်းရွာမှာ ယမ်းချက်စက်ရုံကနေ ကြီးမားတဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

“အဲပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၆၀ ထိခိုက်သေဆုံးတယ်။ ခန္ဓာကိုယ်အပိုင်းအစတွေအထိ ဖြစ်သွားတာ။ စာရင်းအတိအကျ မသိရဘူး။ အဲထက် များနိုင်တယ်” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာအနီးတစ်ဝိုက်မှာ ဆီဆိုင်လည်း ရှိထားတာကြောင့် ထိခိုက်မှု ပိုများစေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီယမ်းချက်စက်ရုံကို တရုတ်နိုင်ငံသားတွေက ဦးဆောင်လုပ်နေတာဖြစ်ပြီး ဦးဆောင်လုပ်ကိုင်သူတချို့ကို ‘ဝ’တပ်ဘက်က ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အဲဒီယမ်းတွေဟာ လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုဖို့မဟုတ်ဘဲ သတ္ထုမိုင်း ခွဲရာမှာ အသုံးပြုဖို့ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။