ဓာတ်ပုံ – တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့

ပို့လဘား၊ ဇူလိုင် ၇ ရက်၊ တန့်ယန်း

ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ ကိုရင်တစ်ပါး ရေဆင်းချိုးရာက‌နေ ရေနစ်သေဆုံးသွားခဲ့တယ်လို့ တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇူလိုင်လ ၆ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ တန့်ယန်းမြို့ ရပ်ကွက် ၆ နဲ့ ရပ်ကွက်၂ ကြားမှာရှိတဲ့ ဖိုင်ချမ်းဆည်မှာ ကိုရင်တစ်ပါးက ရေဆင်းချိုးရာကနေ ရေနစ် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“အဲချောင်းမှာ ကိုရင် ၅ ပါးသွားတာ။ ၄ပါးက ရေကြီးလို့ဆိုပြီး မချိုးရဲဘူး။ အဲတစ်ပါးကတော့ တစ်ခါတည်းခုန်ချပြီး ရေထဲနစ်ပါသွားတာပေါ့။ လိုက်ဆွဲလည်း မရတော့ဘူး။ ကျနော်တို့ဆီ ညနေ ၅ နာရီခွဲ‌လောက်မှ အကြောင်းကြားလာတယ်။ ညသွားရှာတယ် မတွေ့ခဲ့ဘူး။ ဒီမနက်လည်း သွားရှာသေးတယ် သူ့အလောင်းမတွေ့ခဲ့ဘူး။ ဒီညနေပိုင်းမှာ သူ့အလောင်းပြန်တွေ့တာ”

ရေနစ်သေဆုံးသွားတဲ့ ကိုရင်လေးဟာ အသက် ၁၁ နှစ်အရွယ်ဖြစ်ပြီး တန့်ယန်းမြို့ ဝေဠုဝန်ကျောင်းတိုက်မှာနေတာဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကိုရင်ရဲ့ရုပ်အလောင်းကိုတော့ တန့်ယန်းမြို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်နဲ့ တန့်ယန်းလူငယ်အဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။