ဓာတ်ပုံ – AA Info Desk

ဝတ်ရည်၊ ဇူလိုင် ၂၀ ရက်၊ တောင်ကုတ်

မနေ့ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တစ်ရက်ထဲမှာတင် စစ်ကောင်စီတပ်က အာရက္ခတပ်တော်-AA ထိန်းချုပ်ထားတဲ့ မြို့နယ် ၃ ခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၅ ဦးသေဆုံးပြီး သံဃာတော်အပါအဝင် ၂၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ ဇူလိုင် ၁၉ ရက် မနက် ၁၁ နာရီခွဲမှာ တောင်ကုတ်မြို့နယ် မအီမြို့ အမှတ် (၂) ရပ်ကွက်နဲ့ အမှတ် ၃) ရပ်ကွက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၃ လုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး သံဃာတော် ၁ ပါးနဲ့ ကလေးငယ်အပါအဝင် ၂၂ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၀ လုံးပျက်စီးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့ ဇူလိုင် ၁၉ ရက်မှာတင် ညနေ ၄ နာရီမှာ သံတွဲမြို့အတွင်းကို ဂျက်ဖိုက်တာနဲ့ ၅ ကြိမ်တိုင်တိုင် နာရီဝက်ကြာ တိုက်ခိုက်တဲ့အပြင် စက်သေနတ်တွေအပါ တိုက်ခိုက်ခဲ့လို့ ဒေသခံ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။

အလားတူ ဇူလိုင် ၁၉ ရက် ညနေ ၆ နာရီခွဲမှာလည်း ပုဏ္ဏားကျွန်းမြို့နယ် ရေပေါက်ချောင်းခွဆုံ၊ တောင်ပေါက်ကျေးရွာဘုန်းကြီးကျောင်း အနီးကို ဂျက်ဖိုက်တာ (၁) စီးနဲ့ ပေါင် (၃၀၀) ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၂ ပါးနဲ့ ဒေသခံ ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ကြတာလို့ AA က ဆိုပါတယ်။

ဇူလိုင် ၁၉ ရက် တစ်ရက်တည်းအတွင်း စစ်ကောင်စီတပ်ဟာ AA ထိန်းချုပ်နယ်မြေက မြို့ ၃ မြို့ကို လေကြောင်းကနေ တိုက်ခိုက်လို့ ဒေသခံ ၅ ဦးသေဆုံးပြီး သံဃာတော် ၃ ပါးအပါအဝင် ဒေသခံ ၂၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

AA အနေနဲ့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကို အာရက္ခဒေသခံနဲ့ အတူ မိမိတို့ ယုံကြည်အားပေးတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ နယ်မြေချင်းထိစပ်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းနဲ့ ပူးပေါင်းကာ ဆက်လက်တုံ့ပြန်သွားမယ်ဖြစ်ကြောင်း သတိပေးထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖားကန့်မှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရ၊ ဖားကန့်တိုက်ပွဲအတွင်း အရပ်သားနေ့စဉ်လိုလို သေဆုံးနေ

စစ်ကောင်စီနဲ့ ကချင်တပ်မတော် – KIA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့အနီးမှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျိုက်ဒုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU က ထုတ်ပြန်လာပါတယ်။

မောက်မယ်မြို့နယ်က နာဟီးရွာထဲကို PNO အဖွဲ့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

ရှမ်းတောင် မောက်မယ်မြို့နယ်က နာဟီးကျေးရွာထဲကို စစ်ကောင်တပ်နဲ့ PNO ပအိုဝ်းပြည်သူစစ်အဖွဲ့တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။