Photo – AA Info Desk

ရွှေဖီမြေ၊ ဩဂုတ် ၂၅ ရက်၊ ပလက်ဝ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ဒေသခံ ၅ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ AA က ထုတ်ပြန်လာပါတယ်။

မနေ့ ဩဂုတ် ၂၄ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပလက်ဝမြို့နယ် စိမ့်ညှင်းဝရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စိမ်းညှင်းဝရွာရှိ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာအတွင်းကို ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ရာ ဘုန်းကြီးကျောင်းမှာ ပညာသင်ကြားနေကြတဲ့ မူလတန်းကျောင်းသား ၁ ဦးနဲ့ အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

Photo – AA Info Desk

ဒါ့အပြင် အသက် ၁၀ နှစ်အောက် မူလတန်းကလေးငယ် ၈ ဦးအပါအဝင် ဒေသခံ ၁၇ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

AA ထိန်းချုပ်ဒေသကို စစ်တပ်က မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ထိခိုက်သေဆုံးမှုလည်း ဆက်တိုက် ရှိနေပါတယ်။

Photo – AA Info Desk

ဒေသခံတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းနဲ့ရေကြောင်းရန်ကို အထူးသတိထား နေထိုင်ကြဖို့ AA က အသိပေးထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ဖားကန့်မှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရ၊ ဖားကန့်တိုက်ပွဲအတွင်း အရပ်သားနေ့စဉ်လိုလို သေဆုံးနေ

စစ်ကောင်စီနဲ့ ကချင်တပ်မတော် – KIA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့အနီးမှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျိုက်ဒုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU က ထုတ်ပြန်လာပါတယ်။

မောက်မယ်မြို့နယ်က နာဟီးရွာထဲကို PNO အဖွဲ့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

ရှမ်းတောင် မောက်မယ်မြို့နယ်က နာဟီးကျေးရွာထဲကို စစ်ကောင်တပ်နဲ့ PNO ပအိုဝ်းပြည်သူစစ်အဖွဲ့တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

ကျင်ဒွေးမြို့ကို လေကြောင်းနဲ့ တိုက်ခိုက်လို့ ၆ ဦး သေဆုံးပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရ

ချင်းညီနောင်- CB ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၆ ဦး သေဆုံးပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။