ဆုမွန်၊ မေလ ၂၃ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ပေါ်မှာ ကားဝယ်မယ်ဆိုပြီး ကားမောင်းပြေးသွားတာ ဆက်ရှိနေသလို ခိုးယူခံရမှုတွေလည်း ဆက်လက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မေလ ၂၁ ရက် ညနေ ၆ နာရီခန့်မှာ လားရှိုးမြို့ ရပ်ကွက်(၈) မန်ဆူ‌အရှေ့ စိန်လဲ့ညိုတည်းခိုမှာ တည်းခိုနေတဲ့ အမျိုးသားတစ်ဦးက ကားဝယ်မယ်ဆိုပြီး ကားခိုးယူကာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ကိုယ်တိုင်ကြုံခဲ့ရသူနဲ့ နီးစပ်သူတစ်ဦးက “သူကားဝယ်မယ်လို့ ကျနော်တို့ကို ပြောတယ်။ သူစမ်းမောင်းကြည့်မယ်ဆိုပြီး ကျနော်တို့လည်း ကျနော်တို့ လူတစ်ယောက် သူနဲ့ ထည့်ပေးလိုက်တယ်။ လမ်းတစ်ဝက်ရောက်တော့ ကားက ဘတ္ထရီ‌ ထောက်ရတယ်‌လေ။ အဲဒီကား ဘတ္ထရီ ဆင်းထောက်‌တဲ့အချိန်မှာပဲ သူက မောင်းပြေးသွားတာ။ သူနမ္မတူ မြို့ရှောင်လမ်းဘက်ကို မောင်းစမ်းတာ။ အဲဘက်ကို မောင်းပြေးသွားတာ” လို့ ဆိုပါတယ်။

အလားတူ ဒီနေ့ မေလ ၂၃ ရက် မနက်ပိုင်းမှာလည်း ရပ်ကွက်(၇) ‌လုံလော့ဈေးမှာ အမျိုးသမီးတစ်ဦးက ခေါက်ဆွဲ စားနေချိန် ကား ခိုးယူခံရတယ်လို့ နောက်ထပ် အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၂၁ ရက်မှာလည်း ကားဝယ်မယ်ဆိုပြီး လားရှိုးမြို့ ရပ်ကွက်(၅)ရှိ ရေကန်တောင်ဘက် ကားစမ်းမောင်းကြည့်ဖို့ အသက် ၃၈ နှစ်အရွယ် ကားပွဲစား ဦးဆန်းအောင်ဆိုသူကို အမျိုးသား ၂ ဦးက ခေါ်သွားခဲ့ရာ သတ်ဖြတ်ပြီး ကားယူကာ ထွက်ပြေးသွားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်ကလည်း လားရှိုးမြို့ ရပ်ကွက်(၁၀)ရှိ တိုင်းရုံး လမ်းခွဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက ကားဝယ်ဖို့ စမ်းမောင်းကြည့်မယ်ဆိုပြီး Crown ကားတစ်စီး ခိုးယူထွက်ပြေးတဲ့ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

လားရှိုးမြို့မှာ ဓားပြတိုက်မှုအပြင် လူသတ်မှု၊ ခိုးမှု မကြာခဏ ဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း လက်ရှိအချိန်ထိ ထိရောက်တဲ့ အရေးယူမှု လုပ်ဆောင်နိုင်တာ မရှိဘူးလို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။