ဓာတ်ပုံ – ဒေသခံ

ဝတ်ရည်၊ ဧပြီ ၃၀ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့မှာ သတ်ဖြတ်ခံထားရတဲ့ ဒေသခံ အလောင်း ၄ လောင်း တွေ့ရှိခဲ့တယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အလောင်းတွေကို လုံးခင်းကျေးရွာ ဆေးရုံကုန်းအနီးမှာ လာရောက်စွန့်ပစ်ထားတာလို့ ဆိုပါတယ်။

“သိထားတာတော့ စစ်တပ်က သတ်ဖြတ်ထားတာပါ။ သတ်ဖြတ်ပြီးတော့ စွန့်ပစ်ထားတဲ့ ပုံစံမျိုးပါ။ ဘာလို့ဆို စစ်တပ်က မကြာခဏ သွားလာနေတဲ့ ဒေသခံတွေကို သတ်ဖြတ်တာမျိုးတွေ အမြဲတမ်း လုပ်လေ့ရှိတယ်လေ။ သတ်ခံရတဲ့ အလောင်းကတော့ ရက်အတော်ကြာနေပြီ။ မိန်းကလေးရဲ့ အလောင်းဆိုရင် ရက်ရက်စက်စက်သတ်ဖြတ်ထားတာ တွေ့ရတယ်” လို့ မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စွန့်ပစ်ထားတဲ့ အလောင်းတွေရဲ့ အနံ့တွေ ဆိုးဝါးလာပြီး အနီးအနားက ဒေသခံတွေက အကြောင်းကြားတာကြောင့် တာဝန်ရှိသူတွေက လာရောက်သယ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

သတ်ဖြတ်ခံရတဲ့ အလောင်းတွေထဲမှာ အမျိုးသမီး အလောင်း ၁ လောင်းနဲ့ အမျိုးသား အလောင်း ၃ လောင်းတို့ ဖြစ်ပါတယ်။

အလောင်းတွေ့ရှိခဲ့တဲ့ နေရာဟာ ဖားကန့် လုံးခင်းဆေးရုံဟောင်းနဲ့ ဂေါက်ကွင်းနေရာတွေမှာဖြစ်ပြီး အဲဒီနေရာတွေလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းပြီး ထိန်းချုပ်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဖားကန့်မှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကစ တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်လာတာဖြစ်ပြီး တိုက်ပွဲကြားက လက်နက်ကြီးကြောင့် ဒေသခံ ၁၂ ဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။