ဓာတ်ပုံ – The Kokang

ဆုမွန်၊ ဖေဖော်ဝါရီ ၂၀ ရက်၊ လားရှိုး

ကိုးကန့်တပ်-(MNDAA) ဖမ်းဆီးထားတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာက ဒေသခံ ၅ ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အဆိုပါ သိန္နီမြို့ဘက် ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ဆန္ဒပြသူ (၉) ဦးထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က (၄) ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး ကျန်တဲ့ (၅)ဦးကိုတော့ MNDAA က မနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး ပြန်လွှတ်လာတဲ့ ဒေသခံ ၅ ဦးကို ကိုးကန့်တပ်က ရိုက်နှက်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“မနေ့မနက်ပိုင်းမှာ သူတို့ကို လွှတ်ပေးပြီး နေ့လည်‌မှာ‌တော့ သံလွင်စံပြရွာမှာရှိတဲ့ သူတို့(MNDAA) ရဲ့ရုံးကို ရောက်‌တော့ သတင်းပို့ရသေးတယ်လေ။ သူတို့ကို ရိုက်နှက်ပြီး စစ်‌ဆေးနေတာတွေရှိတယ်။ ဘာလို့လဲဆို‌တော့ ကိုးကန့်တပ်က သူတို့လူကြီးတွေကို သွားလိမ်ထားတယ်။ အဲဒီ၅ ဦးက သူတို့သေနတ်ကို လုလို့ဆိုပြီး လိမ်ထားတာ။ တကယ်တော့ အဲဒီ ၅ ဦးက သူတို့သေနတ်ကိုလုတာမဟုတ်ဘူး။ ရုန်းရင်းဆန်ဖြစ်တဲ့အချိန်မှာ ကိုးကန့်တပ်တွေက သူတို့ဖုန်းကို သိမ်းယူလို့ သူတို့လည်း သူတို့ဖုန်းကို ပြန်ယူဖို့လုပ်နေတာ။ အဲတာကို ကိုးကန့်တပ်က သူတို့လူကြီးတွေကို သူတို့သေနတ်လုယူတာဆိုပြီး စာသွားတင်တာ”

အဆိုပါ MNDAA ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒေသခံ ၅ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ရှမ်းအဖွဲ့အစည်း ၁၁ ဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထပ်မံ ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ဆန္ဒပြကြတဲ့ ဒေသခံတွေနဲ့ MNDAA တပ်ဖွဲ့ဝင်တွေက အချင်းချင်းအငြင်းပွားခဲ့ပြီး အဲထဲက ဒေသခံ ၃၆ ဦးကို MNDAA က သိန္နီမြို့ဘက်သို့ ခေါ်ဆောင်သွားကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ‌၂၇ ဦးကိုသာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။