ဓာတ်ပုံ – KNU

ရွှေဖီမြေ၊ ဧပြီ ၂၉ ရက်

တနင်္သာရီတိုင်းက မောတောင်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU က ထုတ်ပြန်ထားပါတယ်။

ဧပြီလ ၂၇ ရက်မှာ မောင်တောင်မြို့နယ် မယ်ဝါး( သဲဖြူ) ကျေးရွာနဲ့ မောတောင်မြို့ပေါ်ရှိ ရပ်ကွက်အတွင်းထဲကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး (၁၂) လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

KNUရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “အဲဘက်ကတော့ တိုက်ပွဲဖြစ်တဲ့နေရာတွေပဲ။ အဲဒီဒေသတစ်ဝိုက်မှာဆိုရင် မကြာခဏတိုက်ပွဲတွေ ဖြစ်တယ်။ စခန်းတွေလည်း မကြာခဏ ကျတယ်ဆိုတော့လေ။ သူတို့လည်း အဲဒီအနားတစ်ဝိုက်မှာ အခဲမကြေပဲ ပြန်ပြီး တိုက်ခိုက်‌နေတာ တွေ့ရတယ်။ အဓိကတော့ သူတို့က ပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ တွေ့ရတာပေါ့” လို့ ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တဲ့အပြင် ပြည်ဖြိုးထွန်းကုမ္ပဏီ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းမှ အလုပ်သမားတွေရဲ့ နေအိမ်တန်းလျားတချို့လည်း ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေကလည်း ထိတ်လန့်ကြရပြီး ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်ကလည်း ခလယ်လွီထူခရိုင်၊ မူးမြို့နယ်က ပျဥ်းမပင်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦး ထိမှန်ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးလည်း ပျက်စီးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ နိုင်ငံတကာ တရားဝင်မှု ရရှိရန် အတုယောင်ရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပြီး အတုယောင်အစိုးရဖွဲ့ရန် ကြိုးပမ်းနေပေမယ့် မြေပြင်မှာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို ကျူးလွန်ပြီး စစ်ရာဇဝတ်မှုကိုလည်း

ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။