ဓာတ်ပုံ – Local

ပပ၊ ဇွန်လ ၂၁ ရက်၊ တောင်ကြီး

‎ရှမ်းတောင် တောင်ကြီးမြို့နယ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် တောင်ကြီး-ရွှေညောင်-ဟဲဟိုးလမ်းကို စစ်ကောင်စီ တင်းကြပ်စွာ စစ်ဆေးနေ‌ကြောင်း ဒေသခံနဲ့ ခရီးသွားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မနေ့ မေလ ၂၀ ရက် ည ၁၁ နာရီ ဝန်းကျင်မှာ တောင်ကြီးမြို့နယ် တောင်လေးလုံးရွာမှာ ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

‎ခရီးသွား အမျိုးသားက “ဖုန်းတွေနဲ့ မှတ်ပုံတင်တွေ စစ်တယ်။ ကားတွေလည်း အကုန်ဖွင့်စစ်တာရှိတယ်။ ကုန်တင်ရင်လည်း ဖောက်စစ်တယ်” လို့ ပြောပါတယ်။

‎စစ်ဆေးသူတွေဟာ စစ်ကောင်စီတပ်အပြင် ဌနဆိုင်ရာတွေက တောင်ကြီးမြို့တွင်း၊ မြို့ရှောင်လမ်းနဲ့ ဟဲဟိုးအပြင် ရွှေညောင်မှာလည်း ခရီးသွားတွေနဲ့ မြို့ခံတွေကိုပါ စစ်ဆေးနေကြောင်း တောင်ကြီးမြို့ခံတစ်ဦးကဆိုပါတယ်။

‎မြို့ခံအမျိုးသားက “အရင်ကဆို ‌ဒီတိုင်းနယ်ခံတွေ သွားသွားလာလာလုပ်တာ မစစ်ဘူး။ မနေ့ည ကိစ္စကြောင့် သူတို့ကြောက်နေတာရယ် တရားခံဖမ်းဖို့အတွက်ရယ်ကြောင့်ထင်တယ်” လို့ ဆိုပါတယ်။

‎၎င်းပေါက်ကွဲတဲ့နေရာဟာ တောင်သုံးလုံးရွာရှိ Denko ဆီဆိုင် နဲ့ Lucky Green Land စက်သုံးဆီဆိုင်တို့အနီး ပေါက်ကွဲခဲ့တာကြောင့် အုတ်တံတိုင်းနဲ့ မျက်နှာကျက်တွေ ပျက်စီးခဲ့ပေမဲ့ ထိခိုက်သူတွေ မရှိခဲ့ကြောင်း အထက်ပါအမျိုးသားက ဆိုပါတယ်။

‎၎င်းပေါက်ကွဲမှုဟာ ပအိုဝ်းပြည်သူ့စစ် PNO၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ PNLO တို့လုပ်ဆောင်တာဖြစ်ကြောင်း ‌ကောလဟာလသတင်းတွေထွက်ပေမဲ့ ရွှေဖီမြေက သီးခြားအတည်မပြုနိုင်သလို ဘယ်အဖွဲ့မှ ဝရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။