ဓာတ်ပုံ – Local (ပုံဟောင်း)

ပပ၊ ဇူလိုင် ၁၉ ရက်၊ သီပေါ

‎ရှမ်းမြောက် သီပေါမြို့နယ်ရှိ တာလုံရွာအနီးရှိ တာလုံချောင်းက ဇတ်ကူးတဲ့နေရာမှာ လှေကူးတဲ့ကြိုးပြတ်လို့ ၅ ဦး သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဇူလိုင် ‌၁၉ ရက် မနက် ၂ နာရီခွဲမှာ တာလုံဇတ်ကူးတဲ့နေရာမှာ လှေကူးတဲ့လှေသမား ၂ ဦးနဲ့အတူ ခရီးသည်ကားထဲ ပါတဲ့ ၅ ဦးတို့ ရေထဲမျှောပါသွားပြီး ၂ ဦးသာ အသက်ရှင်လျက် ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

‎ဖြစ်စဉ်သိရသူ အမျိုးသားက “အဲကြိုးကတော့ အကြီးကြီးဘဲ သုံးတာကြာတော့ ဆွေးသွားတာဖြစ်မယ်။ မိုးရွာထားတော့ ရေလည်းတအားကြီးလို့လေ။ အဲတာကြောင့် ဘယ်သူမှ ဘာမှမလုပ်နိုင်တာ” လို့ ပြောပါတယ်။

‎ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီတပ် သီပေါတံတာကိုပိတ်ထားတာကြောင့် ၎င်းတာလုံလမ်းကို ခရီးသွားတွေက အသုံးပြုနေကြရပြီး ဇတ်ကူးခကိုလည်း ဆိုင်ကယ် ၁ သောင်း၊ ကားသေး ၅ သောင်းကနေ ၁ သိန်းအထိ၊ ကားကြီး ၃ သိန်းအထိ ပေးဖြတ်နေကြရကြောင်း ကားသမားတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။

‎အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကလည်း သီပေါ ဖောင်ဆိပ်မှာ လှေတစ်စီး မှောက်ခဲ့ပေမဲ့ ကမ်းအနီးရောက်တာကြောင့် သေဆုံး၊ ဒဏ်ရာရတာ မရှိခဲ့ပါဘူး။

‎မိုးရာသီရောက်ပြီဖြစ်တာကြောင့် ဇတ်ကူးရတဲ့ ခရီးသွားတွေ အသက်ကယ်အင်္ကျီ ဝတ်ဆင်ပေးဖို့ လိုအပ်ကြောင်းနဲ့ တံတားကိုအမြန်ဆုံး ပြန်ဖွင့်ပေးဖို့ လိုအပ်ကြောင်း အထက်ပါ အမျိုးသားက ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။