ဓာတ်ပုံ – ဒေသခံ (ပုံဟောင်း)

ဝတ်ရည်၊ ဇွန်လ ၁၁ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့မှာ လုယက်မှုနဲ့ ဓားပြတိုက်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်နေပြီး မြို့တွင်းနေထိုင်သွားလာသူတွေအဖို့ လုံခြုံမှုမရှိဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက် နေ့လယ်ပိုင်းမှာတင် ဓားပြတိုက်မှုတစ်ခု ဖြစ်ပွါးခဲ့ရာ သိပ်မကြာခင် ညနေပိုင်းမှာလည်း လောက်ကိုင်မြို့ကနေ မူဆယ်မြို့မှာ ရေခဲချောင်း လာရောင်းတဲ့ တရုတ်အမျိုးသမီး ၁ ဦး က ပိုက်ဆံ လုယက်ခံခဲ့ရပါတယ်။

“သူက ရေခဲချောင်းရောင်းတာ။ လုယက်သွားတဲ့ သူတွေက ဆိုင်ကယ်နဲ့ လုသွားတာ။ ပိုက်ဆံက သိန်း ၂၀ ပါသွားတာတဲ့။ ရဲတွေကျတော့ ယွမ် ၂၀၀ ပဲတဲ့။ မူဆယ်မှာက နေ့တိုင်းလိုလို ဖြစ်နေတာ။ သတင်းမတက်လို့ မသိကြတာပဲရှိတာ” လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လုယက်ခံခဲ့ရတဲ့ ငွေပမာဏကို အတိအကျမသိရပဲ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး

အမျိုးသမီးက ရဲတွေထံ တိုင်ကြားထားပေမဲ့ ဒီနေ့အထိ တရားခံတွေကို ဖမ်းဆီးနိုင်တာ မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဇွန်လ ၈ ရက်မှာပဲ မူဆယ်မြို့ တောင်ရပ်ကွက်မှာ နေထိုင်တဲ့ ရွှေအရောင်းအဝယ်လုပ်တဲ့ လင်မယားနှစ်ဦးကို အမည်မသိ အမျိုးသား ၄ ဦးက သေနတ်ထောက်ပြီး ဓားပြတိုက်သွားခဲ့ပါတယ်။

အဲဒီဓားပြတိုက်မှုမှာလည်း ရွှေတွေ အများအပြားပါသွားတယ်လို့ ပြောဆိုကြပြီး ရွှေဖီမြေအနေနဲ့က သီးခြားအတည်မပြုနိုင်ပါဘူး။

မူဆယ်မှာ ဓားပြတိုက်မှုအပါအဝင် လုယက်မှု၊ ပြန်ပေးဆွဲမှုနဲ့ လူသတ်မှုတွေက ဓလေ့တစ်ခုလို ဖြစ်နေပြီး အဲဒီအမှုတွေမှာ လက်နက်ကိုင်ဆောင်ထားတဲ့ ပြည်သူ့စစ်တွေလည်း ပါဝင်နေတာ တွေ့ရပြီး ဒီကိစ္စတွေက မူဆယ်မှာ အထူးအဆန်း မဟုတ်တော့ဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ် ထိန်းချုပ်ထားတဲ့ မူဆယ်၊ လားရှိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ တန့်ယန်းမြို့အပြင် အခြားမြို့တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်း အရင်ကထက် များလာပြီး ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ လူသတ်မှုလည်း မကြာခဏ ဖြစ်ပွားလျက် ရှိနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။