ရွှေဖီမြေ၊ စက်တင်ဘာ ၁၄ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် ရွှေမိုးရွှေဆိုင် ဓားပြတိုက်ခံရမှုမှာ
ရွှေ ၈၀ သားကျော်ပါသွားပြီး သံသယတရားခံတွေကို စစ်ကောင်စီတပ်က စစ်ဆေးနေတယ်လို့ ကျောက်မဲမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဆိုင်စဖွင့်ချိန်၊ပစ္စည်းတောင်မခင်းရသေးဘူး။ လူ(၃) ယောက်ဆိုင်ကယ်နဲ့ လာပြီး လုသွားတယ်။ ဆိုင်ရှင်ကို သေနတ်နဲ့ ပစ်လို့လက်မောင်းထိသွားတယ်။ လူတယောက်ထပ်တားတဲ့အချိန်ထပ်ပစ်ခံရတယ်။ ရွှေထည် (၈၀)သားလောက်ပါသွားတယ်” လို့ ဆိုပါတယ်။
ရွှေဆိုင် ဓားပြတိုက်ခံရပြီးနောက် သံသယတရားခံတွေကို စစ်ကောင်စီရဲ့ လက်အောက်ခံရဲတွေက ဖမ်း
ဆီးထားပြီး ပစ်မှုကျူးလွန်သူ ဟုတ်မဟုတ် တိတိကျကျမသိရသေးဘူးလို့ ၎င်းက ဆက်ပြောပြပါတယ်။
မနေ့ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ မြို့မစျေးရှိ ရွှေမိုးရွှေဆိုင်ကို အမျိုးသား ၃ ဦးက ဓားပြနဲ့ ဝင်တို
က်ခဲ့တာဖြစ်ပြီး ဆိုင်ရှင်ဖြစ်သူနဲ့ အမျိုးသားတစ်ဦးကို သေနတ်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။
ကျောက်မဲမြို့ကို စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ပြီးနောက် ၁ နှစ်နီးပါးအကြာမှာ ရွှေဆိုင် ဓားပြတိုက်ခံရမှု ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ တအာင်းတပ်မတော်-
TNLA ထံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။