ဧပြီ ၂၃
ဦးမင်းအောင်လှိုင် အစိုးရသစ်ကို ကြိုဆိုကြောင်း ကိုးကန့်တပ်-MNDAAဘက်က သဝဏ်လွှာပေးပို့တာမျိုး မရှိဘူးလို့ ကိုးကန့်တပ်ရဲ့ တာဝန်ရှိသူတွေက သူတို့ရဲ့ မဟာမိတ်တွေကို ပြောဆိုထားပါတယ်။
ဒီနေ့ ဧပြီလ ၂၃ရက် ညနေပိုင်းမှာ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Facebookရဲ့ Page အသစ် ၂ခုကနေ အဲသဝဏ်လွှာ တင်လိုက်တာဖြစ်ပါတယ်။
“ကိုးကန့်တပ်ရဲ့ အတွင်းရေးမှူးကိုယ်တိုင်က အဲလိုစာထုတ်ပြန်တာ မရှိပါဘူး။ အတုပါလို့ ပြောလာတယ်”လို့ ကိုးကန့်တပ်နဲ့ မဟာမိတ်ဖြစ်တဲ့ တော်လှန်ရေးတပ်တစ်ခုက ရွှေဖီမြေကို ပြောပါတယ်။
ဒီစာဟာ ပြန်ကြားရေးဘက်ကလည်း အတုဖြစ်ကြောင်း အတည်ပြုပြောလာကြောင်း ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးက ထပ်မံပြောဆိုပါတယ်။
“အဲစာက အတုပါ။ တရားဝင် Page က တစ်ခုပဲရှိပါတယ်။ ပြန်ကြားရေးဘက်ကလည်း အတုဆိုပြီး ပြောလာပါတယ်”လို့ ပြောပါတယ်။
ဦးမင်းအောင်လှိုင်အစိုးရကို ကြိုဆိုကြောင်း ထုတ်ပြန်ချက်ဟာ မြန်မာလိုအပါအဝင် တရုတ်လိုလည်း ရေးသားပြီး လူမှုကွန်ရက်မှာ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။