ရွှေဖီမြေ၊ မတ်လ ၁၅ ရက်

တအာင်းတပ်- TNLA နဲ့ ကိုးကန့်တပ်- MNDAA အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို တွေ့ဆုံဆွေးနွေးနည်းနဲ့ အဖြေရှာဖို့ ကျန်းမာရေးမိသားစု (မန္တလေး) က ဒီနေ့ မတ်လ ၁၅ ရက်မှာ ထုတ်ပြန်ချက် ထုတ်ပြီး တိုက်တွန်းထားပါတယ်။

မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးမျှော်မှန်းချက်၊ တော်လှန်ရေးမှာ အသက်ပေးသွားတဲ့ ရဲဘော်တွေ၊ နှစ်ဖက်အဖွဲ့အစည်းမှာ တော်လှန်ရေးကို ရှေ့ရှုပြီး အလုပ်လုပ်ကိုင်နေတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ မျက်နှာကို ထောက်ထားပြီး မိတ်ဖက်ပြဿနာကို တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးမိသားစု (မန္တလေး) ဟာ တအာင်းတပ်နဲ့ ကိုးကန့်တပ်တွေ ထိန်းချုပ်နယ်မြေတွေထဲအပြင် တော်လှန်ရေးနယ်မြေတွေမှာ ဆေးသင်တန်းပေးတာ၊ ကျန်းမာရေးဝန်ထမ်းတွေကို စေလွှတ်ပြီး ဆေးကုသပေးနေတဲ့ ကျန်းမာရေးအဖွဲ့အစည်း ဖြစ်ပါတယ်။

မနေ့ မတ်လ ၁၄ ရက် မနက်ပိုင်းကစပြီး ကွတ်ခိုင်မြို့အပါအဝင် မူဆယ်မြို့ (၁၀၅) မိုင်၊ နမ့်ဖတ်ကာ၊ မုံစီး စတဲ့ နေရာ ၅ ခုထက်မနည်းမှာ TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်ဘက်က အင်အားထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ ဒီနေ့အထိ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။

အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ချက်ချင်းရပ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကလည်း ထုတ်ပြန် တောင်းဆိုထားပါတယ်။

တအာင်းတပ်ဘက်ကတော့ MNDAA နဲ့ တအာင်းတပ်တို့အကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေးနဲ့ ကြိုးစား အဖြေရှာသွားမယ်လို့ မနေ့ မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကိုးကန့်တပ်ဘက်ကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို တအာင်းတပ်ဘက်က တာဝန်ယူရမယ်လို့ ထုတ်ပြန် ပြောဆိုထားပြီး တအာင်းတပ်ကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။