ဓာတ်ပုံ- အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်)

ရွှေဖီမြေ၊ ဩဂုတ် ၄ ရက်၊ မြိုင်

မကွေးတိုင်း မြိုင်မြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ရက်နှစ်ဆယ်ကျော်အတွင်း ဒေသခံတွေရဲ့ နေအိမ် ၂၀၂ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်က မနေ့ ဩဂုတ် ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ကနေ မနေ့ ဩဂုတ် ၂ ရက်အထိ ကျေးရွာတွေထဲ ဝင်ရောက်တပ်စွဲနေထိုင်ခဲ့ပြီး ဒေသခံတွေရဲ့ ပစ္စည်းကို ခိုးယူသွားတဲ့အပြင် နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းဟာ အင်အား ၉၀၀ နီးပါး ရှိတာကြောင့် ဒေသခံတွေအနေနဲ့ အသွားအလာ အထူးသတိထားကြဖို့ လိုအပ်တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ပထမစစ်ကြောင်းက စစ်ကားတွေ ရိက္ခာတွေ ထားခဲ့ပြီးမှ မြိုင်နယ်‌တောင်ပိုင်းက သွင်းမာဗျူဟာကို ပြန်သွားတာ။ အခုစစ်ကြောင်းက ဒုတိယစစ်ကြောင်းပါ။ အင်အားက ခန့်မှန်းခြေက‌တော့ ၇၀၀ ကနေ ၉၀၀ လောက်ရှိတယ်”

မီးရှို့ဖျက်ဆီးသွားတဲ့ ကျေးရွာတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက် ညမှာ ကန်နက်နဲ့ တတောတိုက်ရွာက နေအိမ် ၃၁ လုံး၊ ၁၄ ရက်နေ့မှာတော့ လက်ခုပ်ပင်ရွာက နေအိမ် ၂၉ လုံး၊ ၁၅ ရက်မှာ ညောင်ကုန်းရွာ နေအိမ် ၆ လုံး၊ ကိုင်းတောမရွာက နေအိမ် ၂ လုံးနဲ့ ထန်းငယ်တောရွာ နေအိမ် ၄ လုံး၊ ဇူလိုင် ၂၂ ရက်ကနေ ဩဂုတ် ၁ ရက်အထိ သင်းမရွာက နေအိမ် ၄၀ ကျော်နဲ့ ပြီးခဲ့တဲ့ ၂ ရက်မှာလည်း ဘောင်ဘင်ရွာက နေအိမ်အလုံး ၉၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ– အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်)

စစ်တပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုနဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာခံတွေဟာ လက်ရှိအချိန်ထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်နေကြရဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်ထဲ စစ်တပ်က နေ့စဉ်နီးပါး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို ဆက်တိုက် ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ သတိထားဖို့ လိုအပ်တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ဖလမ်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီ စခန်းကုန်းတစ်ခုကို ချင်းကာကွယ်ရေးတပ်တွေက သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

မိုးကုတ် – မိုးမိတ်လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွား

တရုတ်အကူအညီနဲ့ စစ်ကောင်စီပြန်ရခဲ့တဲ့ မိုးကုတ်-မိုးမိတ်မြို့နယ်ကြားရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို PDF တပ်တွေ တိုက်ခိုက်ခဲ့

ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ် – PDF တွေက တပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်စခန်းတစ်ခု ချင်း ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်၊ ချင်းတပ်ဘက်က ၄ ဦး ကျဆုံး

ချင်းပြည်နယ် ဖလမ်းမြို့နယ် ခွန်လီရွာတဝိုက်ရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ ကုန်းစခန်းတစ်ခုကို ချင်း ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။