ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်

ရွှေဖီမြေ၊ ဇူလိုင် ၃ ရက်၊ မလှိုင်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မလှိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၁၀ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က သတင်းထုတ်ပြန်ပါတယ်။

မနေ့က ဇူလိုင် ၂ ရက် နေ့လယ်ပိုင်းမှာ မလှိုင်မြို့နယ် အင်းကြီးတောရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ ဒုတိယရဲမှူးကြီး ဇော်ဝင်းထိန် ဦးစီးတဲ့ အင်အား ၁၁၀ ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ၁၀ ဦးကို အရှင်ဖမ်းမိကာ လက်နက်မျိုးစုံ ၂၀ လက်အပါအဝင် ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်စစ်ဌာန တပ်ရင်းများ၊ မိတ္ထီလာခရိုင် အမှတ် (၂) တပ်ရင်း၊ မြင်းခြံခရိုင် (ပကဖ)၊ နွားထိုးကြီးမြို့နယ် (ပကဖ)၊ မလှိုင်မြို့နယ် (ပကဖ/TTA ပြောက်ကျားတပ်ဖွဲ့) တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ မလှိုင်မြို့နယ်မှာ စစ်ကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ဖလမ်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီ စခန်းကုန်းတစ်ခုကို ချင်းကာကွယ်ရေးတပ်တွေက သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ပုလောက CDM ဆရာမနဲ့ သူရဲ့ခင်ပွန်း သတ်သွားသူတွေကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်း ပုလောမြို့နယ်က CDM ဆရာမ ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူကို သတ်ဖြတ်သွားတဲ့ တရားခံတွေ ဖမ်းဆီးရမိပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU ) မနေ့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို PDF တပ်တွေ တိုက်ခိုက်ခဲ့

ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ် – PDF တွေက တပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတင်းထုတ်ပြန်ပါတယ်။

မိုးကုတ် – မိုးမိတ်လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွား

တရုတ်အကူအညီနဲ့ စစ်ကောင်စီပြန်ရခဲ့တဲ့ မိုးကုတ်-မိုးမိတ်မြို့နယ်ကြားရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။