မလှိုင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ ၁၀ ဦး အရှင်ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မလှိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၁၀ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က သတင်းထုတ်ပြန်ပါတယ်။

မလှိုင်မြို့နယ် ဘွက်ငယ်ရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သားအမိ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း မလှိုင်မြို့နယ် သက္ကယ်ကျင်းအုပ်စု ဘွက်ငယ်ရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သားအမိ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လူထုသတင်းကွန်ယက် မလှိုင်မြို့က ထုတ်ပြန်ထားပါတယ်။