ဓာတ်ပုံ- အညာမြေတပ်ပေါင်းစု

မိုးထက်၊ ‌ဇူလိုင် ၁၇ ရက်၊ မြိုင်

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသားတစ်ဦးကို ထပ်မံဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်က မြိုင်မြို့နယ် အိုင်းမရွာက‌နေ ဝါးရင်းချိုင်ကျေးရွာဘက်ကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဟာ ဝါးရင်းချိုင်ရွာက အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် နေအိမ်တွေလည်း ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ဒေသခံအမျိုးသားတစ်ဦးက “စစ်တပ်က ရွာအတွင်းရှိတဲ့ ပြည်သူ့နေအိမ်တွေကို မွှေနှောက်တာ‌တွေ ဖျက်ဆီးတာ‌တွေ ပြုလုပ်ပြီးတော့ ပြည်သူတွေရဲ့ ကြက်၊ဝက်၊နွား အိမ်မွေးတရိစ္ဆာန်တွေကိုလည်း သူတို့စိတ်ကြိုက်ယူပြီး ချက်ပြုတ်စားသောက်ကြတာ တွေ့ရတယ်”

သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၃၁ နှစ်အရွယ်ရှိတဲ့ ကိုဖိုးပိန်ဆိုသူဖြစ်ပြီး ၎င်းကို စစ်ကောင်စီတပ်က ညှဉ်းပန်းနှိပ်စပ်ပြီးသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ် ကျွဲတွင်းရွာကို ရောက်ရှိနေပြီး Y -8 လေယာဉ်နဲ့ ရိက္ခာ (၁၀) ကြိမ်ထက်မနည်း ကိုလည်း ချပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်က မြိုင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ် ကန်နက်ကျေးရွာက အသက် ၅၀ နှစ်ကျော်အရွယ်နဲ့ အသက် ၆၀ ကျော်အရွယ်ရှိတဲ့ အမျိုးသားနှစ်ဦး၊ ကိုင်း‌တောမကျေးရွာက အသက် ၅၆ နှစ်ရှိတဲ့အမျိုးသားတစ်ဦးနဲ့ မြင်းကိုးသစ်ရွာက အသက် ၆၇ နှစ်အရှယ်ရှိတဲ့အမျိုးသားတစ်ဦး စုစုပေါင်း အမျိုးသား ၄ ဦး ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အပြင် နေအိမ် ၅၀ ထက်မနည်းလည်း မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။