ဓာတ်ပုံ- KNU

ရွှေဖီမြေ၊ မေလ ၂၃ ရက်၊ ရွှေကျင်

ကရင်အမျိုးသားအစည်းအရုံး- KNU ကော်သူးလေအုပ်ချုပ်မှုနယ်မြေ ညောင်လေးပင်ခရိုင် ဆောထိ (ရွှေကျင်)မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး မြေမြှုပ်မိုင်းကြောင့် ၁ ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU က ဒီနေ့ မေလ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ရက်က အင်္ဂနီရွာထဲ စစ်တပ် ထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းကို အသက် ၁၃ နှစ်အရွယ် မောင်ရဲမင်းထွန်းဆိုသူက နင်းမိပြီး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

မေလ ၁၂ ရက်မှာ နတ်သံကွင်းရှိ စစ်တပ်က ပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီး ၁ လုံး တောကြောင်ပေါက်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၇၅ နှစ်အရွယ် စောလှမောင်ကြီးဆိုသူ ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မေလ ၁၂ ရက်မှာ တုံးတံတားရှိ စစ်တပ်က မအူပင်ရွာထဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီမေလ ၂၁ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာပဲ စစ်တပ်က ထုံတော်ရွာအတွင်းကနေ ကျွဲထိန်းကုန်းရွာဘက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေးတစ်အပါအဝင် ၂ ဦး ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖားကန့်မှာ ကလေးငယ် ၄ ဦး ဆော့ကစားနေစဥ် မိုင်းပေါက်ကွဲလို့ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာမှာ ကလေးငယ် ၄ ဦးက ဆော့ကစားနေစဥ် မိုင်းပေါက်ကွဲပြီး ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ဖားကန့်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပ 105 မဲင်နီန် မဴင်ပ်ုန်ငျားကဲဒေကိုႈနီန် ပဲန်ဖါ်ႈပဒူႈ ကောန်အီမာည်းအူအီး ကာည်း ကောန်အီပ်ုန်အူအီး ကတူႈဖေးဘာတ်ဟာဝ်း

တိုအီးအရာပ်ကောန်အီမာည်းအူအီး က္လာင်းဒါႈ ဒီဘိူန်းဘဝ်ကီုက်ဒါင်း 3 ဖုင်ကဲတထိင်ခြဲ ပကပီုန်ဆျှံမ်ကဒါႇပိူည် လှံင်မူစယ် ပ 105 မဲင်နီန် ဂေါႇမိုႈကဲငျားဒေကိုႈဟာဝ်းမဴင်နီန်ဒါဘိုတ် စီပဲန်ဖါ်ႈပဒူႈ ကောန်အီမာည်းအူအီး ကာည်း ကောန်အီပ်ုန်အူအီး ကတူႈဖေးဘာတ်ဟာဝ်းအောႏ။

ဖားကန့်မှာ ဒရုန်း ကျရောက်ပေါက်ကွဲမှု‌ကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက ရပ်ကွက် ၄ မှာ ဒရုန်း ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ‌ဖြစ်စဉ်သိရှိသူ ဖားကန့် ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။