ဓာတ်ပုံ- စစ်ကောင်စီ

ရွှေဖီမြေ၊ မေလ ၁၄ ရက်၊ မက်မန်း

ရှမ်းမြောက် မက်မန်းမြို့နယ်ထဲ သံလွင်မြစ်အနီးမှာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၉၀ ဦးနဲ့ လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သံလွင်မြစ်အနီးမှာရှိတဲ့ ကျားဖြန်ရုံတွေကို စစ်တပ်က မနေ့ မေလ ၁၃ ရက် မနက် ၇ နာရီခွဲမှာ ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၉၀ ဦး ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၂ ရက် ညနေ ၄ နာရီမှာလည်း မက်မန်းမြို့ရဲ့ အနောက်တောင်ဘက် သံလွင်မြစ်အနီးမှာ ကျားဖြန်လုပ်ကိုင်ရာမှာ အသုံးပြုနေတဲ့ အဆောက်အဦးနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ကျားဖြန်လုပ်ကိုင်သူတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး သိမ်းဆည်းရမိတဲ့ လုပ်ငန်းသုံး ပစ္စည်းတွေကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အတူ ဆက်လက်‌ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဆက်လက် ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့‌ မေလ ၈ ရက်ကလည်း ရှမ်းတောင် လဲချားမြို့နယ်နဲ့ ကျိုင်းတောင်းမြို့အနီးမှာ စစ်တပ်က ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၅ ဦး အပါအဝင် မြန်မာနိုင်ငံသား ၅ ဦးလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ တရုတ်နဲ့ နိုင်ငံတကာ ဖိအားတွေကြောင့် ကျားဖြန်လုပ်ငန်းတွေကို နှိမ်နင်းနေပေမဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နေရာအနှံ့မှာ ကျားဖြန်ရုံတွေ ဆက်လက် လည်ပတ်နေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ရေးသားဖော်ပြနေကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။