ဓာတ်ပုံ- CJ

ပပ၊ ဇွန်လ ၂၆ ရက်၊ မိုင်းငေါ့

‎တအာင်းတပ်မတော် ထိန်းချုပ်တဲ့ မိုင်းငေါ့နဲ့ နမ့်ဆန်မြို့ကြားရှိ မိုင်းငေါ့လမ်းပိုင်း သွားလာမှု အဆင်ပြေအောင် သက်ဆိုင်ရာ ဝာာဝန်ရှိသူတွေက အမြန်ဆုံး ပြုပြင်ပေးကြဖို့ ခရီးသွားနဲ့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။

‎မိုင်းငေါ့လမ်းကို နမ့်ဆန်၊ မန်တုံနဲ့ နမ္မတူ စတဲ့မြို့နယ်က လူထုတွေက အဓိက အသုံးပြုကြပြီး သီပေါရှိ မိုးတေတံတား ပျက်စီးပြီးနောက် အဲဒီလမ်းပိုင်းကိုသာ ပြည်ထောင်စုလမ်းမကြီးအဖြစ် အသုံးပြုနေကြရကြောင်း ခရီးသွားလာသူတွေက ပြောဆိုပါတယ်။

‎နမ့်ဆန်-မန္တလေးဘက် ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက “မိုးတွင်းလည်း ရောက်ပြီဆိုတော့ တအားခက်ခဲလို့ပါဗျာ။ ကတ္တရာတို့ ကွန်ကရစ်တို့ မပြောပါဘူး။ ကျောက်ချောလမ်းလေး လုပ်ပေးရင်ကို တအားအဆင်ပြေပါပြီ” လို့ ပြောပါတယ်။

‎အဲဒီလမ်းပိုင်းမှာ သွားလာတဲ့ ခရီးသွားနဲ့ ကားသမားတွေကို တအာင်းတပ်က လမ်းပြုပြင် ထိန်းသိမ်းဖို့အတွက်ဆိုပြီး ကားအမျိုးအစားအလိုက် ခွဲပြီးတော့ ငွေကောက်ခံနေပေမဲ့ လက်ရှိအချိန်ထိ လုပ်ဆောင်ပေးတာ မတွေ့ရကြောင်း နောက်ထပ် ကားသမားတစ်ဦးက ပြောပါတယ်။

‎”ပိုက်ဆံတော့ သွားတဲ့အခေါက်တိုင်း ပေးရတာပဲ။ အဲပေးရတဲ့‌ ပိုက်ဆံလည်း ပြေစာ ပြန်ပေးတယ်။ အခုထိ လုပ်ပေးတာလည်း မရှိဘူး။ လုပ်မယ်ဆိုရင် ဒီမိုးတွင်းအမှီ လုပ်ပေးဖို့ ပြောချင်ပါတယ်။ ပိုက်ဆံ ပေးရတာကို မပြောပါဘူး။ သွားလာဖို့ အဆင်ပြေအောင် လုပ်ပေးရင်ရပါပြီ”

‎မန္တ‌လေး-နမ့်ဆန် ပြည်ထောင်စုလမ်းမကြီးရှိ သီပေါမြို့အထွက် မိုးတေ တံတားဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ဖျက်ဆီးခံခဲ့ရတာကြောင့် လက်ရှိအချိန်ထိ ပြည်ထောင်စု လမ်းမကြီးအဖြစ် မိုင်းငေါ့လမ်းကိုသာ လူထုတွေက အသုံးပြုနေရတာပဲ ဖြစ်ပါတယ်။

‎မိုင်းငေါ့လမ်းဟာ မြေနီလမ်း ဖြစ်တာအပြင် အတက်အဆင်း များတာကြောင့် မကြာခဏ ယာဉ်တိမ်းမှောက်တာတာတွေ ဖြစ်ပွားနေကြောင်း ကားသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။