ပပ၊ မေလ ၂၄ ရက်၊ ပြင်ဦးလွင်

‎မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ရှမ်းမြောက်ကနေလာတဲ့ ကုန်တင်ယာဉ်တွေဟာ တရုတ်ကုန် တင်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျပ်သိန်း ၁၀၀ အထိ စစ်ကောင်စီနဲ့ ဌာနဆိုင်ရာတွေက တောင်းခံနေကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ ကားသမားရဲ့ ပြောပြချက်အရ သိရပါတယ်။

‎‎မေလ ၂၀ ရက် ‌ည ၉ နာရီခန့်မှာ လားရှိုးကနေ မန္တလေးဘက် စားသောက်ကုန်တချို့နဲ့ လူသုံးကုန်ပစ္စည်းတင်တဲ့ ၆ ဘီးနဲ့ ၁၀ ဘီးယာဉ် ၁၀ စီးဝန်းကျင်ကို ပြင်ဦးလွင်မြို့အထွက်က စစ်ဆေးရေးဂိတ်မှာ စစ်ဆေးပြီးနောက် ငွေပေးဆောင်ရတာလို့ ဆိုပါတယ်။

‎‎ကိုယ်တိုင်ကြုံခဲ့ရသူ ကားသမားက “ကျနော်တို့က ကျောက်မဲကနေ ကြက်ဥနဲ့ ခေါက်ဆွဲဘဲ တင်လာတာ။ ဟိုအရှေ့ရွာကနေ ကလေး စားတဲ့ တရုတ်မုန့်တွေ တင်ဖို့ အကူအညီတောင်းလို့ တင်လာပေးတာကို ပစ္စည်းမသိမ်း လူမဖမ်းဘဲ ငွေတောင်းတယ်တဲ့ဗျာ” လို့ ပြောပါတယ်။

‎၎င်းနေရာမှာ စစ်တပ်အပြင် ရဲနဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေလည်း ရှိနေပြီး ရက် ၁၀၀ စီမံကိန်းအတွင်း တရုတ်ထုတ်ကုန်ပစ္စည်း တင်လာတာကြောင့် ငွေပေးမှ ဖြတ်သန်းသွားလာလို့ရမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

‎”တင်လာတာက အလွန်ဆုံး တန်ဖိုး ၂ သိန်းတောင် မပြည့်တဲ့ မုန့်တွေကိုကွာ တောင်းလိုက်တာက ပိုက်ဆံ ရာချီလေ။ အဲဒါ လုပ်စားတာဘဲ မဟုတ်လား။ နောက်ဆုံး ညှိရင်းနဲ့ တစ်စီးကို ၁၀ သိန်းနီးနီးဘဲ ပေးခဲ့လိုက်တယ်”

‎စစ်ကောင်စီဘက်ကတောင်းတဲ့ ငွေ သိန်း ၁၀၀ ကို မပေးနိုင်တာကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကား ၁၀ စီးကျော် ပေါင်းပြီး သိန်း ၁၀၀ ပေးဆောင်ခဲ့ရကြောင်း အထက်ပါအမျိုးသားက ပြောဆိုပါတယ်။

‎ရှမ်း‌မြောက်မှာ မေလ ၃ ရက် မနက်ကစပြီး ရက် ၁၀၀ စီမံကိန်းအနေနဲ့ သီပေါနဲ့နမ့်လန်ရှိ ပြည်ထောင်စုလမ်းမပေါ်မှာ စစ်တပ်နဲ့ ဌာနဆိုင်ရာတွေက တရုတ်ထုတ်ကုန်ပစ္စည်းတွေ တင်ဆောင်တဲ့ ကားကြီးနဲ့ကားသေးတွေကို စတင်ဖမ်းဆီးပြီး ငွေတောင်းပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။