မိုင်းအရှိုင်း၊ မတ်လ ၁၄ ရက်၊ နမ္မတူ
ကိုးကန်တပ်-MNDAAက သူတို့ထိန်းချုပ်ထားတဲ့ လားရှိုးကနေ တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ နမ္မတူနဲ့ဆက်သွယ်ထားတဲ့ အီနိုင်းတံတားပေါ် ကားဖြတ်သန်းခွင့်ကို ထပ်မံပိတ်လိုက်ပြီလို့ ခရီးသည်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဒီမနက် မတ်လ ၁၄ ရက် ပြန်ပိတ်လိုက်ပြီတဲ့။ ကိုးကန့်စစ်သားတွေကပြောတယ်။ ဟိုဘက်မှာ တိုက်ပွဲဖြစ်နေတယ်။ လက်နက်ကြီးတွေ ကားထိမှန်မှာစိုးလို့ ကားသမားတွေကို ပြန်လှည့်ခိုင်းတာ”
ဒီနေ့ မတ်လ ၁၄ ရက် မနက်ပိုင်းမှာပဲ အီနိုင်းတံတားမှာ ဆိုင်ကယ်ကလွဲပြီး ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေကို MNDAA က အခုလိုဖြတ်သန်းခွင့်ပြန်ပိတ်ပင်လိုက်တာကြောင့် ကားအများအပြား မိတ်မိနေတယ်ဆိုပြီး သတင်းရင်းမြစ်က ရွှေဖီမြေကိုပြောပါတယ်။
အဲဒီအီနိုင်းတံတားဟာ လားရှိုးနဲ့ နမ္မတူမြို့ကို ဆက်
သွယ်ထားတဲ့ အဓိက ကုန်သွယ်လမ်းတံတားဖြစ်ပြီး ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ ပဋိပက္ခကြောင့် ကိုးကန့်တပ်က တအာင်းဒေသထဲ ကုန်စည်စီးဆင်းမှု အဲဒီတံတားကနေ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။