AZT၊ သြဂုတ် ၃၊ ကရင်နီ
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ခြမ်းတွင် ငှက်ဖျားရောဂါ ကူးစက်မှုဆက်လက်များပြားနေပြီး ဆေးကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကပါ ကူးစက်မှုတွေ ရှိနေတာကြောင့် ကျန်းမာရေးလုပ်ငန်းတစ်ချို့ရပ်တန့်လိုက်ရတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေထံကနေ သိရပါတယ်။
အဲကူးစက်မူတွေ များပြားနေတာဟာ ပြီးခဲ့တဲ့ မေလကနေ စတင်ကူးစက်ခဲ့တာဖြစ်ပြီး အခုအချိန်အထိကူးစက်မူများပြားနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ငှက်ဖျားကအဓိက ခြင်ပေါ့နော်။ တစ်ယောက်ကနေတစ်ယောက်ကူးစက်တော့ အရင်ကဆို စစ်ရှောင်တွေ ရဲဘော်တွေပဲ ကူးကြတာ။ အခုဆို ကျန်းမာရေးဝန်ထမ်းတွေပါကူးစက်လာတော့ တစ်ချို့ကျန်းမာရေး လုပ်ငန်းတစ်ချို့ ယာယီရပ်ဆိုင်း လိုက်တယ်လို့ “အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အဲလို ကျန်းမာရေးဝန်ထမ်းတွေကပါ ကူးစက်ခံနေရတာကြောင့် မိဘပြည်သူတွေလည်း ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေးများလုပ်ဆောင်ကြရန် ကျန်းမာရေးဝန်ထမ်းတွေက သတိပေးထားပါတယ်။
ကရင်နီပြည်နယ်အတွင်း ဌက်ဖျားရောဂါကူးခံရမူအပြင် ၊ ရာသီတုတ်ကွေး၊ ယားနာ နှင့် သွေးလွန်
တုတ်ကွေးတွေလည်း ကူးစက်မူတွေရှိနေပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေနဲ့ ဆေးဝါးမလုံလောက်မှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။