ရဲမာန်၊ မတ်လ ၅ ရက်၊ မယ်စဲ့

ကရင်နီပြည် မယ်စဲ့မြို့နယ်အတွင်း သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်း‌ကနေ ဗုံးကြဲတိုက်ခိုက်လို့ ၈ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီကြားကာလအစိုးရ- IEC ရဲ့ အထွေထွေအတွင်းရေးမှူး(၂) ဗညားခွန်းအောင်က ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မတ်လ ၅ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူလည်း ရှိတယ်လို့ ၎င်းက ပြောပါတယ်။

“ဖားဆောင်းတိုက်ပွဲက ဖမ်းဆီးရမိတဲ့ သုံ့ပန်းမိသားစုဝင်တွေကို ထိန်းသိမ်းထားတဲ့ စင်တာကို ကြဲသွားတာပါ။ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပါတယ်။ အမျိုးသမီး ၄ ဦးထဲမှာ ၈ နှစ်အရွယ်ကလေးတစ်ဦး ပါတယ်”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်က မယ်စဲ့မြို့ထဲက အကျဉ်းသား ၈၀ ကျော်ဟာ ထောင်ဖောက်ပြီး ထောင်စောင့် ၂ ဦးနဲ့အတူ ထွက်ပြေးသွားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

အလားတူ ဇန်နဝါရီ ၂၀ ရက်က ရခိုင်ပြည်နယ် ချောင်းတူရွာအနီးက အကျဉ်းစခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ‌ကြောင့် စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၂၁ ယောက် သေဆုံးပြီး အယောက် ၃၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။