ဓာတ်ပုံ – Tarlin Mg

လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၂၃ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ယူမာကျေးရွာ လမ်းမကြီးပေါ်မှာ အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးနေတယ်လို့ ဒေသခံတွေစီက သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်မှာ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ယူမာကျေးရွာ အဲဗားမျော့ခြံအနီးမှာ သေဆုံးနေတဲ့ အမျိုးသား ၂ ဦးအလောင်း တွေ့ခဲ့တာဖြစ်တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အဲဒီယူမာကျေးရွာမှာ လုံခြုံယာအိမ်မှာ နေပြီးတော့ စစ်မရှောင်ပဲနေတာရှိတယ်။ သူတို့က သက်ဆိုင်ရာတွေကို အကြောင်းကြားတဲ့အခါမှာ အလောင်းတွေ့တယ်​ဆိုပြီး မနက်ကမှ အဲအလောင်းကို ဒေသတွင်းက လူမှုကူညီရေးအသင်းတွေ အဲအလောင်းကို သွားကောက်ပြီးမှ ဆိပ်မူသုဿန်ကို ပို့လိုက်တာ။ ဖြစ်တာက မနေ့ညလောက်ကတည်းက ဖြစ်တာ”

သေဆုံးသွားတဲ့ အမျိုးသား ၂ ဦးထဲက တစ်ဦးဟာ ဆိပ်မူကျေးရွာက ကျောင်းဆရာမတစ်ဦးရဲ့ တူဖြစ်ပြီး နောက်တစ်ဦးကတော့ အမည် နေရပ်လိပ်စာ မသိရဘူးလို့ အထက်ပါအမျိုးသားက ဆိုပါတယ်။

အဆိုပါ အမျိုးသား ၂ ဦးရဲ့ အလောင်းကို စစ်ကောင်စီတပ်စွဲထားတဲ့ နေရာအနီးမှာ တွေ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ပစ်သတ်တာ ဖြစ်နိုင်တယ်လို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီ အမျိုးသား ၂ ဦး သေဆုံးတာနဲ့ပတ်သတ်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားလဲ ဆိုတာကိုတော့ ရွှေဖီမြေက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ယူမာကျေးရွာအနီးက အဲဗားမျောခြံထဲမှာ စစ်ကောင်စီတပ်က တပ်စွဲထားသလို ဆိုင်းတောင်ဘက်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ တော်လှန်ရေးတပ်တွေ စစ်ရေးလှုပ်ရှားနေပြီး နှစ်ဖက်အပြန်အလှန် လမ်းတွေပိတ်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းမှာလည်း ဖားကန့်မြို့နယ် လုံခင်းကျေးရွာထဲမှာ ထမင်းစားနေစဥ် ထမင်းဝိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာ​ကြောင့် ကလေး ၄ ဦးအပါအဝင် မိသားစုဝင် ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။