ဓာတ်ပုံ- PNO

ပို့လဘား၊ မတ်လ ၇ ရက်၊ မောက်မယ်

ရှမ်းတောင် မောက်မယ်မြို့နယ် ဒုံပုံးကျေးရွာခံ ၃ ဦးကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က ဖမ်းဆီးသွားခဲ့တယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

ဒုံပုံး‌ကျေးရွာခံ ၃ ဦးဟာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်က တောထဲက တစ်‌နေရာမှာ ၎င်းတို့ လွှတ်ထားတဲ့ ကျွဲတွေကို သွားရှာရာကနေ PNO ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “သူတို့ ကျွဲလိုက်ရှာတဲ့အချိန်မှာ ပနားပန်ကျေးရွာအနီး ရောက်သွားတာ‌ပေါ့နော်။ အဲဘက်ကို ရောက်တဲ့အချိန်မှာ ပြည်သူ့စစ်နဲ့တွေ့တယ်။ ပြည်သူ့စစ်နဲ့တွေ့တော့ သူတို့ကို ဖမ်းဆီးပြီးတော့မှ ပစ်သတ်လိုက်တာပေါ့နော်။ ခွန်သိန်းပေရဲ့ သားကိုတော့ သူတို့မပစ်သတ်ဘူး။ ဒေသခံတွေနဲ့ ပိုက်ဆံ ပြန်ရွေးခိုင်းတာပေါ့နော်။ သူတို့ပစ်သတ်လိုက်တဲ့ ၂ ယောက်ရဲ့အလောင်းကိုလည်း အခုထိ ပြန်မပေးဘူး။ ကျွဲ၊ နွားတွေကိုလည်း သူတို့ပြန်မပေးဘူး။ အခုဖြစ်တဲ့နေရာကလည်း တိုက်ပွဲဖြစ်တဲ့နေရာလည်း မဟုတ်ဘူး။ PNO တစ်ဖွဲ့တည်းရှိတဲ့နေရာပဲ ဖြစ်နေတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဒေသခံ ၃ ဦးထဲ အသက် ၂၀ နှစ်အရွယ် ခွန်အငယ်နဲ့ ၄၀ နှစ်အရွယ် ခွန်သိန်းပေဆိုသူ နှစ်ဦးကိုတော့ PNO က သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပြီး ကျန်တဲ့ ၁၃ နှစ်အရွယ် ခွန်ထွန်းဟန်ကတော့ ၂၈ သိန်းနဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဆိုပါတယ်။

မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို PNO အဖွဲ့က ထိုးစစ်ဆင်လာပြီးနောက်ပိုင်း ဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတာနဲ့ သတ်ဖြတ်တာ မကြာခဏ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။