ဓာတ်ပုံ – CJ (ပုံဟောင်း)

ရွှေဖီမြေ၊ ဧပြီလ ၃ ရက်

မြန်မာနိုင်ငံတဝှမ်း စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အတွင်း အရပ်သားနေအိမ်ပေါင်း ၁ သိန်း ၂ သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar က မနေ့ ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၁ မေလ ၁ ရက်ကနေ ၂၀၂၆ ဖေဖော်ဝါရီ ၂၈ ရက်အထိ အရပ်သားနေအိမ် စုစုပေါင်း ၁၂၅,၃၂၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ အဲဒီထဲက ၁၂၁,၄၈၅ လုံးဟာ စစ်ကောင်စီတပ်နဲ့ သူတို့လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၄ မေလအတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ အရပ်သားနေအိမ် ၃,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပေမယ့် လက်ရှိအချိန်ထိ ဘယ်အဖွဲ့အစည်းက ကျူးလွန်ခဲ့တယ်ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့လည်း ဖော်ပြထားပါတယ်။

တိုင်းနဲ့ပြည်နယ်အလိုက် ကြည့်ရင် စစ်ကိုင်းတိုင်းမှာ အရပ်သားနေအိမ် ၇၈,၈၉၅ လုံး ဆုံးရှုံးခဲ့ရပြီး တစ်နိုင်ငံလုံးမှာ အများဆုံး မီးရှို့ဖျက်ဆီးခံရတာလည်း ဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၆၃ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့ ဆိုပါတယ်။

အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း အရပ်သားနေအိမ် ၄၆,၄၃၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ထိခိုက်ပျက်စီးမှု များပြားခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာခဲ့ပြီး ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ အရပ်သားနေအိမ် မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက စစ်ကြောင်းထိုးရာဒေသတွေမှာ ကျေးရွာတွေကို မီးရှို့တာ၊ နေအိမ်တွေ ဖျက်ဆီးတာ အဖိုးတန်ပစ္စည်းတွေ သယ်ယူသွားတာ စတာတွေကို လုပ်ဆောင်ခဲ့တာတွေ့ရတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ရေးအဖွဲ့တချို့က ပြည်သူ့စစ် (ပျူစောထီး) အင်အားများတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ Data for Myanmar က ဖော်ပြထားပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ၊ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေကို အမြန်ဆုံး ရပ်တန့်သင့်ပြီး အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင် စစ်ကျင့်ဝတ် လိုက်နာဆောင်ရွက်သင့်တယ်လို့လည်း Data for Myanmar က အကြံပြု တောင်းဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။