ဓာတ်ပုံ – Local

သုတ၊ မတ်လ ၁၈ ရက်၊ ကွတ်ခိုင်

တအာင်းတပ်မတော် – PSLF/TNLA နဲ့ ကိုးကန့်တပ်မတော် – MNDAA အကြား အပစ်ရပ်ဖို့ ဆွေးနွေးနေချိန် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ပန်ကူအုပ် မန်ပြိန်းရွာခံ အမျိုးသားတစ်ဦးကို ကိုးကန့်တပ်ဘက်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မနေ့ မတ်လ ၁၇ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ မန်ပြိန်းရွာခံ အသက် ၃၇ နှစ်အရွယ် ဦးနိုင်ကိန် ဆိုသူကို ကိုးကန့်တပ်ဘက်က ဖမ်းဆီးခဲ့ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းမပေါက်ကြားအောင် ပန်ပြိန်းရွာခံတွေကို MNDAA တပ်ဘက်က ရွာပြင်ထွက်ခွင့် ပိတ်ထားတယ်လို့ ဒီအခြေအနေတွေကို သိရှိထားတဲ့ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အခု ပစ်သတ်ခံရတဲ့သူက မန်ပြိန်းရွာရဲ့ စာရေးလုပ်တဲ့သူပါ။ ကိုးကန့်တပ်ဘက်က သူ့ကို ဖမ်းပြီး သေနတ်နဲ့ ပစ်သတ်တာ။ ရွာခံတွေကိုလည်း ရွာပြင်ထွက်ခွင့် ပိတ်ထားတယ်” လို့ ဆိုပါတယ်။

MNDAA တပ်ဘက်က ကွတ်ခိုင်မြို့ကို ထိန်းချုပ်ပြီးနောက် မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ တအာင်းကျေးရွာတွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေ သေဆုံးတာ၊ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတာနဲ့ နေအိမ်ပျက်စီးတာတွေ ကြုံနေရပါတယ်။

MNDAA တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ ဒရုန်းဗုံးတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ အရပ်သားအရေအတွက် ထပ်မံတိုးလာနိုင်ပြီး အရေအတွက်အတိအကျကို ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မနေ့ မတ်လ ၁၇ ရက်အထိ ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးထက်မနည်း ရှိနေပြီး ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကစပြီး ကွတ်ခိုင်မြို့အပါအဝင် နမ့်ဖတ်ကာ၊ (၁၀၅) မိုင်ရှိ TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်ဘက်က အင်အားထောင်ချီ အသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး TNLA ဘက်က ကွတ်ခိုင် – ၁၀၅ မိုင် လမ်းမကြီးရှိ ၎င်းတို့တပ်စခန်းတွေကို ဆုတ်ခွာပေးထားရပါတယ်။

မနေ့ မတ်လ ၁၇ ရက်မှာတော့ MNDAA နဲ့ TNLA အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေ လောက်ကိုင်မြို့မှာ တွေ့ဆုံနေတယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောဆိုထားပြီး ဆွေးနွေးပွဲရလဒ်အသေးစိတ်ကို မသိရသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။