#ဓာတ်ပုံ- Local

ရဲမာန်၊ မတ်လ ၁ ရက်၊ မင်းတုန်း

မကွေးတိုင်း မင်းတုန်းမြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး၊ ရော့ကတ် အသုံးပြုပြီး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃၀ ဦး သေဆုံးခဲ့တယ်လို့ ‌ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မတ်လ ၁ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ပြောင်းရွာအနီးက ကုန်သွယ်ရေးကားတွေ ရပ်နားရာနေရာကို ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ရခိုင်က ကုန်သည်တွေ တော်တော်ပါသွားတယ်။ အဲမှာ ကုန်စည်တွေ သယ်လာတဲ့ကားတွေ နားနေတာ။ ဟိုဘက်က သယ်လာတဲ့ကားနဲ့ ဒီဘက်က သယ်လားတဲ့ကားတွေ တစ်စီးနဲ့တစ်စီး ချိန်းပြောင်းနေတဲ့အချိန် ဗုံး ၈ လုံးနဲ့ ကြဲချသွားတာ။ အစောပိုင်း သိရတာတော့ ၂၁ ဦး သေတယ်။ အခု သေဆုံးသူ ၃၀ ဦးအထိ ရှိသွားပြီ။ အဓိကတော့ စစ်ကောင်စီတပ်က ကျ‌နော်တို့ ရခိုင်ပြည်သူတွေကို ဖြတ် ၄ ဖြတ် မကပါဘူး ၆ ဖြတ်လောက် ဖြတ်ထားပါတယ်။ အခုဟာက ကုန်စည် ဖြတ်တောက်တဲ့အဆင့် မဟုတ်ဘူး ကုန်စည် သယ်ယူပို့ဆောင်တဲ့သူတွေကိုပါ သူက လုံးဝကို ရန်သူအဖြစ် အပြတ်ချေမှုန်းသွားတဲ့သဘောပါ”

ဗုံးကြဲတိုက်ခိုက်မှုကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ပေါင် ၂၀၀၊ ၃၀၀ ဗုံး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ရော့ကတ် ဒုံးကျည်တွေကိုပါ အဆက်မပြတ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ NUG Representative Office- Norway က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး အပျက်အစီးကြားကနေ ရုပ်အလောင်းတွေကို ထပ်မံ တွေ့ရှိနိုင်တာကြောင့် သေဆုံးသူအရေအတွက် များလာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒေသခံတွေက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ကုန်သွယ်ရေး လမ်းကြောင်း‌တွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုအပေါ် နိုင်ငံတကာက အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုမှု ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။