ဓာတ်ပုံ – Local

မြတ်နိုး၊ ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ မန့်ဝိန်းကြီး နဲ့ မိုင်ဂျာယန် လမ်းပိုင်း လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့ကစပြီး စတင်ပြုပြင်တော့မှာ ဖြစ်တာကြောင့် ပြုပြင်မယ့် ကာလအတွင်း ကုန်တင်ကားကြီးတွေ သွားလာခွင့် ယာယီ ပိတ်မှာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“လမ်းပြင်မှာ မန်ဝိန်းကြီးနဲ့ မိုင်ဂျာယန်ကြား ဟုတ်တယ်။ တရားဝင်စာလည်း ထွက်ထားပြီးသား။ လမ်းပြုပြင်နေတဲ့ ကာလအတွင်း ကားလေးတွေပဲ ဖြတ်လို့ရမယ်။ ကုန်တင်ကားကြီးတွေ ဖြတ်သန်း မသွားဖို့ ပေါ့” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

မန်ဝိန်းကြီး – မိုင်ဂျာယန် လမ်းမပေါ်ရှိ နောင်မွန်ရွာနဲ့ လနားပါရွာကြား ခါ့တောင်းပါလမ်းက လာမယ့်ဇူလိုင်လ ၂၀ ရက်နေ့ ကနေ အောက်တိုဘာလ ၁၀ ရက်နေ့ အထိ ပြုပြင်သွားမှာဖြစ်ပြီး လမ်းပြုပြင်နေချိန် ကာလအတွင်း ဖြတ်သွား ဖြတ်လာ၊ ကုန်စည် သယ်ဆောင်မယ့် ကားကြီးတွေ အားလုံး သွားလာခွင့် ယာယီ ပိတ်ထားမယ်လို့ ဆိုပါတယ်။

“အခု လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့ ကနေ ခါ့တောင်းပါ လမ်းလုပ်မယ်လို့ သိရတယ်။ ၁၀ လပိုင်းအထိ လမ်းလုပ်မယ်လို့ ကြားတယ်။ လမ်းပိတ်မယ်ထင်တယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လမ်းလုပ်ငန်းတွေ လုံခြုံစွာ ဆောင်ရွက်နိုင်ဖို့နဲ့ ယာဉ်အသွားအလာ အခက်အခဲတွေ မဖြစ်ပေါ်စေဖို့အတွက် ကုန်တင်ယာဉ်ကြီးတွေကို ယာယီကန့်သတ်ထားတာဖြစ်တယ်လို့ သူက ပြောပါတယ်။

မန့်ဝိန်းကြီး–မိုင်ဂျာယန် လမ်းကြောင်းဟာ ကချင်ပြည်နယ်အတွင်း ဒေသခံတွေရဲ့ နေ့စဉ်သွားလာရေးနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

အဲလမ်းကနေ ဒေသထွက် လယ်ယာထွက်ကုန်တွေ၊ စားသောက်ကုန်နဲ့ အခြေခံလိုအပ်တဲ့ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်နေကြပြီး မန်ဝိန်းကြီး၊ မိုင်ဂျာယန်နဲ့ အနီးအနားကျေးရွာတွေကြား ဆက်သွယ်ရေးအတွက် အဓိက အားထားနေရတဲ့ လမ်းတစ်ခုလည်း ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။